ထိပ်ဆုံး သတင်း :
Home » » နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် သို့ ပေးစာ

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် သို့ ပေးစာ

7/01/2011 11:30:00 PMတွင်ရေးသည်

သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ - ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်။
(မြန်မာနှစ်ဆန်းတစ်ရက်- ၁၃၇၃-ခုနှစ်)
အကြောင်းအရာ။ ။ ပြည်ေ်ေ်ထောင်စ်စ်စုသုသုသမတ္မတ မြန်မ်မ်မာနိုင်ငံတော်ကြီး၏ အမျိုးသား ပြန်လည်သင့်မြတ်တ် ရေးနှင့်
ပြည်တွင်း ငြိမ်းချမ်းသာယာရေးကိုရှေးရှုသည့် လုပ်ဆောင်ချက် များကို
အကောင်အထည်ဖော်ပေးပါရန် မေတ္တာရပ်ခံရန်ပံကြားခြင်း။
နိုင်ငံတော်သမ္မတကြီးခင်ဗျား
ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့်
ပြည်တွင်းငြိမ်းချမ်းသာယာရေးကို ရိုးသားစွာဖြင့် လိုလားကြသူများဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့်
နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သစ်ကို မေတ္တာရပ်ခံ တင်ပြလိုသည်မှာ လက်ရှိ နိုင်ငံတော်
အစိုးရသစ်သည် သာမန်ရွေးကောက်တင်မြှောက်ခံ အစိုးရတစ်ရပ်ကဲ့သို့ တိုင်းပြည်ဖံွ့ ဖြိုး တိုးတက်ရေး လုပ်ငန်းများကို
ငါးနှစ်သက်တမ်းအတွင်း ထမ်းဆောင်ရုံမျှဖြင့် လုံလောက်မည်ဟု မယူဆနိုင်ပါ။ အစိုးရသစ်သည် မြန်မာ့နိုင်ငံရေး
သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်သည့် ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ဖော်ဆောင်ပေးရမည့် ကြီးလေးသောတာဝန်ကို
ထမ်းရွက်ဖော်ဆောင်ရမည့် အစိုးရတစ်ရပ်ဖြစ်ပါသည်။
သမ္မတကြီးနှင့်သမ္မတကြီး၏အစိုးရသစ်သည် ထိုတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဟု
ပြည်သူလူထုအနေဖြင့် မျှော်လင့်တောင့်တလျှက်ရှိကြပါသည်။
မြန်မာနိုင်ငံ၏နိုင်ငံရေးပြဿနာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖြစ်ပွားလျှက်
ရှိသည့်ပြဿနာများကို အောင်မြင်စွာတွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ရေး အပါအ၀င်၊ အစိုးရသစ်အနေဖြင့် ယုံကြည်
ချက်ကြောင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လည်
လွှတ်ပေးခြင်း၊ ပြည်ပရောက် အဖွဲ့အစည်း အသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိ နေကြသူများ၊
ဒုက္ခသည်များအဖြစ် ခိုလှုံနေကြရသော မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးကို လုံခြုံ အေးချမ်းစွာဖြင့်
မိမိတို့နေရပ်သို့ ပြန်လာနိုင်မည့် အခြေအနေများ အမြန်ဆုံး ဖန်တီးပေးခြင်းဖြင့် သဘောထား ကြီးမားစွာ
အပြုသဘောဆောင်ကြောင်းနှင့် ဒီမိုကရေစီ၏ အနှစ်သာရများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်း
ပြသစေလိုပါသည်။
စစ်မှန်သော ဒီမိုကရေစီစနစ် ထွန်းကားရန် သမ္မတကြီးနှင့် သမ္မတကြီး၏ အစိုးရသစ်အနေဖြင့် အကောင်းဆုံး
စွမ်းဆောင်ပေးစေလိုပါသည်။ စစ်မှန်သော အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်းအသီးသီးတို့နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေးတို့ သည်သာ
ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါသည်။ ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးအရအပြန်
အလှန်တိုက်ခိုက်နေမှုများ အားလုံးကို ချက်ချင်းရပ်စဲပြီး၊ နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ
တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန်နှင့် နိုင်ငံတော်၏ ပြဿနာအရပ်ရပ်ကို တွေ့ ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့်
အဖြေရှာကြရန်ကိုလည်း ပြည်သူများက မျှော်လင့် တောင့်တလျှက် ရှိပါသည်။
သို့ဖြစ်ပါ၍ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို
အောင်မြင်စွာဖော်ဆောင်နိုင်ရန်အတွက် ပဏာမခြေလှမ်းအဖြစ် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသည့်
နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးပါရန်၊ တပ်မတော်နှင့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်နေမှုများ အားလုံးကို ချက်ချင်းရပ်စဲပြီး၊
နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြရန်နှင့် ပြည်ပရောက် အဖွဲ့အစည်းအသီးသီးနှင့်
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသူများ၊ ဒုက္ခသည်များအဖြစ် ခိုလှုံနေကြရသော မြန်မာနိုင်ငံသူ
နိုင်ငံသားများအားလုံးကို လုံခြုံအေးချမ်းစွာဖြင့် မိမိတို့နေရပ်သို့ ပြန်လာနိုင်မည့်အခြေအနေများ အမြန်ဆုံး
ဖန်တီးပေးပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးလိုလားသူများ ဒီမှာလက်မှတ်ထိုးရန် ဖိတ်ခေါ်ပါသည်
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"