မြန်မာအစိုးရတပ်တွေနဲ့ ကချင် လက်နက်ကိုင်တပ်ဖွဲ့ (KIA) အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေကို အကူအညီ အထောက်အပံ့တွေ ပေးနိုင်ဖို့ ပြည်ပရောက် ကချင်အဖွဲ့အစည်းတွေက ရန်ပုံငွေ ကောက်ခံမှု စတင်နေပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် ပြည်တွင်း ပြည်ပက စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့ အချိန်မှာပဲ ဒီ စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့ စီစဉ်လာကြတာပါ။
No comments:
Post a Comment