Monday, June 20, 2011

ဒေါ်​အောင်ဆန်း​စုကြည်၏ ​မွေး​နေ့​ဆု​တောင်း​ – ငြိမ်း​ချမ်း​ရေး



ရန်ကုန် ​ရွှေဂုံတိုင်မှာရှိတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ဒီ​နေ့​ ​နေ့​လည်ပိုင်း​က ကျင်း​ပတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​မွေး​နေ့​ အခမ်း​အနား​မှာ ​မွေး​နေ့​ရှင်က ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ရဖို့​ တိုက်တွန်း​ ​ပြောဆိုသွား​ပါတယ်။“တခြား​မွေး​နေ့​ လက်​ဆောင်​တွေက အ​ရေး​မကြီး​ပါဘူး​၊​ တကယ်အ​ရေး​ကြီး​တဲ့​ လက်​ဆောင်က ကျမတို့​ နိုင်ငံမှာ ငြိမ်း​ချမ်း​ရေး​ရ​စေမယ့်​ စိတ်ထား​တွေ တဦး​ချင်း​တဦး​ချင်း​ ပွား​ကြပါ” လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​မွေး​နေ့​အမှာစကား​မှာ ထည့်​ပြောသွား​ပါတယ်။

သတင်းအပြည့်အစုံ သို့

No comments:

Post a Comment