Sunday, June 26, 2011

ဩစေၾတးလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိ

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင်ရဒ်ဟာ နောက်တပတ်မှာမြန်မာနိုင်ငံကိုလာရောက်မှာဖြစ်ပြီးမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ရှိတယ်လို့၂၄ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
ဒါဟာ စစ်အုပ်ချုပ်ရေး လွှမ်းမိုးမှုရှိနေတဲ့နိုင်ငံကို ၉ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်လည်ပတ်မှုလို့လည်း ဆိုပါတယ်။ ဒီခရီးစဉ်မှာ ရဒ်ဟာ အစိုးရအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
သူဟာ အမျိုးသားပြန်လည်စည်းလုံးရေးနဲ့ ဒီမိုကရေစီနည်းကျကျ ပြုပြင်ပြောင်းလဲမှုတွေဟာ အစစ်အမှန် တိုးတက်စေဖို့အတွက် ဩစတြေးလျအစိုးရရဲ့ ကာလရှည်ကြာ မေတ္တာရပ်ခံ တောင်းဆိုချက်ကို ထပ်လောင်း ပြောကြားဖို့အတွက် ဒီလို တွေ့ဆုံမှုတွေကို အသုံးချသွားမှာလို့လည်း ကြေညာချက်ထဲမှာ ပြောထားပါတယ်။

No comments:

Post a Comment