
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ၃ ရက်ရှိလာပြီ ဖြစ်ပြီး ဒီကနေ့အထိလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ KIA ဘက်က ၄ ယောက် ကျဆုံးကြောင်းနဲ့ တပ်စခန်းတခုကို လက်လွှတ်လိုက်ရတယ်လို့ KIA ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ ဒီကနေ့မှာတော့ KIA ဗဟိုက သူတို့ တပ်စခန်း အသီးသီးကို အစိုးရတပ်တွေက တိုက်ခိုက်လာရင် ခုခံကာကွယ်ဖို့အတွက် အသင့်ပြင်ဆင်ထားဖို့ ထပ်မံ သတိပေး တပ်လှန့်ထားပါတယ်။ ၃ ရက်ကြာ KIA နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေကို...
နားဆင်ရန်...
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !