ဒီမိုကရက်တစ် ပါတီမှ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ ဘန်ကောက်မြို့တွင် ရွေးကောက်ပွဲ မဲပေးနေပုံကို ဇူလိုင် ၃ ရက်၊ ၂ဝ၁၁ ခုနှစ် တနင်္ဂနွေနေ့က တွေ့ရစဉ်။ တနင်္ဂနွေနေ့က ပြုလုပ်သော ရွေးကောက်ပွဲ မဲပေးမှုသည် ဖြုတ်ချခံရသော ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ထရာ၏ ညီမ ဖို့ထိုင်းပါတီမှ ယင်းလတ်ခ် ရှင်နာဝပ်ထရာနှင့် ဒီမိုကရက်တစ် ပါတီမှ ဝန်ကြီးချုပ် မစ္စတာ အဖိဆစ်တို့အကြား အကြိတ်အနယ် ယှဉ်ပြိုင်မှုပင် ဖြစ်သည်။ ငါးနှစ်ဆက်တိုက် နိုင်ငံရေး မတည်ငြိမ်မှု အကျပ်အတည်း တွေ့နေမှု ရပ်ဆိုင်းသွားမလား၊ ဆက်ဖြစ်နေဦးမှာလား ဆိုတာကို အဓိက အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။
No comments:
Post a Comment