
မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး လူ ၁,၄၀၀ ကျော်ကို ဒီကနေ့ ဖမ်းဆီးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲက အများစုကို နာရီပိုင်းအတွင်း ပြန်လွှတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ထောင်နဲ့ချီတဲ့ မလေးရှားနိုင်ငံသားတွေ ကွာလာလမ်ပူမှာ ဒီကနေ့ စုရုံးဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရဲတွေက ဆန္ဒပြသူတွေကို နံပတ်တုတ်တွေနဲ့ရိုက်၊ မီးသတ်ပိုက်တွေနဲ့ပက်၊ မျက်ရည်ယိုဗုံးတွေကို သုံးပြီး လူစုခွဲခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကလည်း နောက်မဆုတ်ဘဲ တင်းခံခဲ့ကြတာပါ။
သတင်းအပြည့်အစုံ သို့
နားဆင်ရန်...
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !