Wednesday, July 20, 2011

တင်အောင်မြင့်ဦးနှင့် ကချင် လူသတ်မှုများ

ဆောင်းပါး
http://www.irrawaddymedia.com/bur/images/stories/01-2001_Nawng_Tau_Si_Sa_Pa.jpg
http://www.irrawaddymedia.com/bur/images/stories/03-2006_Kutkai_Killings8.jpg.
ဒုသမ္မတ ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဖြစ်စဉ်က ရှမ်းပြည်နယ်တွင်း ဖြစ်ပျက်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအတွက် တာဝန်ရှိသဖြင့် ကုလသမဂ္ဂက အထူးကော်မရှင်ဖွဲ့၍ အရေးယူ စုံစမ်းသင့် ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ပြောကြားလိုက်သည်။
အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူတို့၏ ရုပ်အလောင်းများကို KIA က ပြန်လည် တူးဖော် စစ်ဆေးနေပုံ
KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုများ၌ KIA ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်၊ ဗိုလ်မှုးချုပ် ဂွမ်မော်၊ ဗိုလ်မှုးကြီး ဇော်ရော တို့က   မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် လွန်ခဲ့သော ဆယ်စုနှစ် ကာလများ၌ အစိုးရတပ်က ၎င်းတို့၏ စစ်သားများ၊ ဒေသခံ ပြည်သူများအား အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပုံကို မြေပုံ၊ ဓာတ်ပုံ အထောက် အထားများဖြင့် ရှင်းပြခဲ့သည်။
အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အနက် ဖြစ်စဉ် ၂ ခုမှာ ဦးတင်အောင်မြင့်ဦး အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး တာဝန်ယူထားစဉ် ၂၀၀၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံ သို့

No comments:

Post a Comment