voanews မှနားဆင်ရန်...


ဒေါ်စုကို ပန်းစည်းမကမ်းရန် ညွှန်ကြား သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၇ နာရီ ၀၅ မိနစ် ပုဂံနှင့် ညောင်ဦး ဘုရား၊ စေတီပုထိုးများသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖူးမျှော်လျှင် ဘုရားဂေါပက အဖွဲ့ဝင်များ ကြိုဆိုခြင်း၊ ပန်းစည်းကမ်းခြင်း မပြုရန် ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားသည်။“ဘုရားလူကြီးတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူး တက်လာရင် ပန်းစည်းပေးတာတို့၊ ကြိုဆိုတာတို့ မလုပ်ရဘူးလို့ ပြောတယ်။ ကျနော်တို့ ဈေးသည်တွေတော့ မပေးနဲ့ ဘာညာ ပြောမထားဘူး” ဟု ညောင်ဦးရှိ ရွှေစည်းခုံ စေတီမုခ်ဦးတွင် ပုဂံအမှတ်တရ လက်ဆောင်များ ရောင်းနေသည့် ဈေးသည်တဦးက မဇ္ဈိမကို ပြောသည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !