Wednesday, July 27, 2011

ရှင်သန်နေဆဲ သုခမြို့တော် ပုံရိပ်များ

ဆောင်းပါး 

ThuKhaMyoDaw-01 











၁၉၀၀ ပြည့်နှစ် ကာလတွေတုန်းက အင်္ဂလိပ်ကိုလိုနီအစိုးရ ရုံးစိုက်ရာ မြို့တော်တခုဖြစ်ခဲ့တဲ့ ကာလ်ကတ္တားမြို့ထဲကို ရောက်လိုက်တာနဲ့ အဲဒီခေတ်ကာလ ကတည်းက ရှိခဲ့တဲ့ အဆောက်အအုံ ဟောင်းတွေက ဆီးကြိုနေပြီး သံချေးတွေ အထပ်ထပ်နဲ့ အိုဟောင်းနေတဲ့ ဓာတ်ရထားတွေ၊ လန်ချားတွေဟာလည်း ဟိုးအရင် ကိုလိုနီခေတ်တုန်းကအတိုင်း ရှိနေဆဲ၊ အသုံးပြုနေကြဆဲမို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ဓာတ်ပုံအဟောင်းပုံကြီးထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစား လိုက်ရပါတယ်။ အနောက်ဘန်ဂေါလ်ပြည်နယ် အစိုးရက ကာလ်ကတ္တားမြို့ရဲ့ ကိုလိုနီခေတ်က ကျန်ရစ်တဲ့ အဆောက်အအုံအဟောင်းတွေ၊ သမိုင်းဝင် အဆောက်အအုံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းထားသလို လန်ချားနဲ့ ဓာတ်ရထားတွေကိုလည်း ဆက်လက် ပြေးဆွဲခိုင်းနေဆဲပါ။ ကာလ်ကတ္တားဟာ အိန္ဒိယနိုင်ငံရဲ့ တခုတည်းသော ဓာတ်ရထားပြေးဆွဲနေဆဲ မြို့တမြို့ ဖြစ်ပါတယ်။
သတင်းအပြည့်အစုံ သို့

No comments:

Post a Comment