ထိပ်ဆုံး သတင်း :
Home » » ဒေါ်အောင်ဆန်းစုကြည် ပုဂံသို့ ထွက်ခွာ

ဒေါ်အောင်ဆန်းစုကြည် ပုဂံသို့ ထွက်ခွာ

7/05/2011 12:56:00 PMတွင်ရေးသည်

http://www.mizzimaburmese.com/images/PhotoNewsFront/JUL11/dsbagan5s.jpg
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာ အပြီး ပထမဆုံး နယ်ဘက်ခရီးစဉ် ဖြစ်သော ပုဂံရှေးဟောင်းမြို့တော်သို့ အဲမန္တလေး လေကြောင်း
 ဖြင့် တနင်္လာနေ့နံနက်တွင် ထွက်ခွာသွားပြီ ဖြစ်သည်။ ...
သတင်းအပြည့်အစုံ သို့ ..
ပုဂံမြို့ အာနန္ဒာဘုရားတွင် ဘုရားဝတ်ပြု :: ပုဂံမြို့ အာနန္ဒာဘုရားတွင်
 ဘုရားဝတ်ပြုလျှက်ရှိသော  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် 
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို 
အင်္ဂါနေ့ ဇူလိုင် ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဦးကျားကြီးဝင်းအတွင်း မီးငြိမ်းသတ်ရန် မီးသတ်ကားများ ဝင်ရောက်လာ :: 
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ 
ဦးကျားကြီးဝင်းအတွင်း မီးလောင်နေရာသို့ မီးငြိမ်းသတ်ရန် မီးသတ်ကားများ 
ဝင်ရောက်လာသည်ကို အင်္ဂါနေ့ ဇူလိုင် ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- 
မဇ္ဈိမ ဦးကျားကြီးဝင်းအတွင်း မီးလောင်နေခိုက် မီးငြိမ်းသတ်နေစဉ် :: 
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်  ဦးကျားကြီးဝင်းအတွင်း မီးလောင်နေခိုက် 
မီးငြိမ်းသတ်မှုကို အင်္ဂါနေ့ ဇူလိုင် ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ-
 မဇ္ဈိမ ဦးကျားကြီးဝင်းအတွင်း မီးလောင်နေခိုက် မီးငြိမ်းသတ်နေစဉ် :: 
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်  ဦးကျားကြီးဝင်းအတွင်း မီးလောင်နေခိုက် 
မီးငြိမ်းသတ်မှုကို အင်္ဂါနေ့ ဇူလိုင် ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ-
 မဇ္ဈိမ ပုဂံမြို့ရှိ Bagan Hotel River View သို့ ရောက်ရှိ :: 
ဒေါ်အောင်ဆန်းစုကြည် ပုဂံမြို့ရှိ Bagan Hotel River View သို့ 
ရောက်ရှိလာချိန်တွင် ဟိုတယ် ဝန်ထမ်းတဦးက ပန်းစီးကမ်း 
ကြိုဆိုနှုတ်ဆက်နေသည်ကို တနင်္လာနေ့ ဇူလိုင် ၄ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ 
ဓာတ်ပုံ- မဇ္ဈိမ ဒေါ်အောင်ဆန်းစုကြည်အား NLD အဖွဲ့ဝင်များ လာရောက်ကြိုဆို :: 
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာစဉ် 
လာရောက်ကြိုဆိုကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို တနင်္လာနေ့ 
ဇူလိုင် ၄ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ သူ့ပုံပါ ပို့စ်စကဒ်ကို ကိုင်ဆောင်ထားသော သံဃာတော်တပါး<br 
/>ပုဂံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို 
ကြိုဆိုသောအားဖြင့် သူ့ပုံပါ ပို့စ်စကဒ်ကို ကိုင်ဆောင်ထားသော 
သံဃာတော်တပါးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ရန်ကုန်ဗုံးလန့် :: ရန်ကုန်မြို့ အာလာဒင်ဂိမ်းဆိုင် စင်တာရှေ့ တွင် 
ပိုင်ရှင်မဲ့ အထုတ်တထုတ်ကို စစ်ဆေးနေသူများကို တနင်္ဂနွေနေ့ ဇူလိုင်လ ၃ ရက် 
၂ဝ၁၁ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ပါကင်ပိတ် 
အထုပ်အတွင်း တိုင်ကပ်နာရီ တလုံး၊ မီးအိမ်တခုနှင့် ဓါတ်ပုံအယ်လ်ဘမ်တခုကို 
စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါအထုတ်ကို 
ဗုံးဟုစိုးရိမ်ထိတ်လန့်မှုဖြစ်ခဲ့ကြပြီး ဗိုလ်အောင်ကျော်လမ်းမကြီးကို 
နှစ်နာရီကြာ ပိတ်ဆို့ကာ စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ရန်ကုန်ဗုံးလန့် :: ပိုင်ရှင်မဲ့အထုတ်ကို ပြန်လည် သိမ်းဆည်းနေသော 
ရဲတပ်ဖွဲ့တဦးကို တနင်္ဂနွေနေ့ ဇူလိုင် ၃ ရက်၊ ၂ဝ၁၁ ခုနှစ် မွန်းလွဲက 
တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ပါကင်ပိတ်အထုပ်အတွင်းမှ တိုင်ကပ်နာရီတလုံး၊
 မီးအိမ်တခုနှင့် ဓါတ်ပုံအယ်လ်ဘမ်တခုကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် 
ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ မပါကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပေးခဲ့သည်။ 
အဆိုပါအထုတ်ကို ချိန်ကိုက်ဗုံးဟု သံသယဖြင့် အာလာဒင်ဂိမ်းဆိုင်စင်တာရှေ့တွင်
 လုံခြုံရေးများရောက်ရှိလာပြီး ဗိုလ်အောင်ကျော်လမ်းမကြီးကို နှစ်နာရီကြာ 
ပိတ်ဆို့စစ်ဆေးမှုပြုလုပ်ခဲ့ကြသည်။ ဒီမိုကရက်တစ် ပါတီမှ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ 
ဘန်ကောက်မြို့တွင် ရွေးကောက်ပွဲ မဲပေးနေပုံကို ဇူလိုင် ၃ ရက်၊ ၂ဝ၁၁ ခုနှစ် 
တနင်္ဂနွေနေ့က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ တနင်္ဂနွေနေ့က ပြုလုပ်သော 
ရွေးကောက်ပွဲ မဲပေးမှုသည် ဖြုတ်ချခံရသော ထိုင်းဝန်ကြီးချုပ် သက်ဆင် 
ရှင်နာဝပ်ထရာ၏ ညီမ ဖို့ထိုင်းပါတီမှ ယင်းလတ်ခ် ရှင်နာဝပ်ထရာနှင့် 
ဒီမိုကရက်တစ် ပါတီမှ ဝန်ကြီးချုပ် မစ္စတာ အဖိဆစ်တို့အကြား အကြိတ်အနယ် 
ယှဉ်ပြိုင်မှုပင် ဖြစ်သည်။ ငါးနှစ်ဆက်တိုက် နိုင်ငံရေး မတည်ငြိမ်မှု 
အကျပ်အတည်း တွေ့နေမှု ရပ်ဆိုင်းသွားမလား၊ ဆက်ဖြစ်နေဦးမှာလား ဆိုတာကို အဓိက 
အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။  ရန်ကုန်ရှိ ပင်စင်ဦးစီးဌာနတွင် လာရောက် စုံစမ်းမှုများ 
ပြုလုပ်နေကြသူများ :: အစိုးရဝန်ထမ်း ပင်စင်စားများ အတွက် လစာကို 
တိုးမြှင့်ကြောင်း ကြေညာလိုက်ပြီးနောက် ရန်ကုန်ရှိ ပင်စင်ဦးစီးဌာနတွင် 
လာရောက် စုံစမ်းမှုများ ပြုလုပ်နေကြသူများကို သောကြာနေ့ ဇူလိုင် ၃ဝ ရက်နေ့က 
တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပင်စင်လစာကို ၂ဝဝ၉  ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့က 
တိုးမြှင့်ပေးခဲ့သော အစိုးရဝန်ထမ်း လစာနှုန်းထား အတိုင်း 
ခံစားခွင့်ပြုလိုက်သည်ဟု နိုင်ငံပိုင်မီဒီယာများက ကြေညာခဲ့သည်။ 
သို့သော်လည်း ပင်စင်ဌာနဝန်ထမ်းများက တိုးမြှင့်လိုက်သော လစာကို ယခုထိ 
ရှင်းရှင်းလင်းလင်း မပြောနိုင်သေးဘဲ ဖြစ်နေသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"