Wednesday, July 27, 2011

ဒေါ်စု သြဂုတ်လဆန်း ပဲခူး နေ့ချင်းပြန်ခရီး ထွက်မည်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ပထမပတ်တုန်းက ပုဂံကို ဘုရားဖူးခရီး သွားပြီးတဲ့နောက် သြဂုတ်လဆန်းမှာ နယ်စည်းရုံးရေး ခရီးစဉ် အဖြစ်နဲ့ ပဲခူးဘက်ကို သွားဖို့ စီစဉ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ပြောဆိုပါတယ်။ ၂၀၀၃ ခုနှစ် မေလထဲမှာ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးထွက်ခဲ့တဲ့ နယ်စည်းရုံးရေး ခရီးစဉ်အတွင်း ဒီပဲယင်းမှာ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ သူတွေရဲ့ အတိုက်အခိုက် ခံခဲ့ရပြီး အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့ရတာမို့ အခု ပထမဆုံးသွားမယ့် ခရီးစဉ်အတွက် ပြည်သူအများက စိတ်ပူနေကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ၇ နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ကျခံနေရာက လွတ်မြောက်လာခဲ့ပြီးနောက် အခု ၈ လကျော် အကြာမှာ ပထမဆုံးအဖြစ် နယ်စည်းရုံးရေး ခရီးကို ထွက်ဖို့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေပြီလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်
သတင်းအပြည့်အစုံ |
နားဆင်ရန်...

No comments:

Post a Comment