ထိပ်ဆုံး သတင်း :
Home » » တိုင်းရင်းသားပါတီတွေ ငြိမ်းချမ်းရေးအတွက် ဒေါ်စုနဲ့အတူကြိုးပမ်းဖို့ မူအားဖြင့်သဘောတူ

တိုင်းရင်းသားပါတီတွေ ငြိမ်းချမ်းရေးအတွက် ဒေါ်စုနဲ့အတူကြိုးပမ်းဖို့ မူအားဖြင့်သဘောတူ

7/29/2011 10:28:00 PMတွင်ရေးသည်




တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကိုယ်စွမ်းရှိသ၍ ပါဝင် ကြိုးပမ်းပေးဖို့ အဆင်သင့်ရှိတဲ့အကြောင်း စာထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ကို  မကြာခင်တုန်းက နေပြည်တော်မှာ ပြည်တွင်းငြိမ်းချမ်းရေးကော်မရှင်ဖွဲ့ဖို့ တင်ပြထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရွေးချယ်ခံရတဲ့ တိုင်းရင်းသားညီနောင် ၅ ပါတီနဲ့ မြန်မာပြည်က ဒုတိယအကြီးဆုံးပါတီဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့က မူအားဖြင့် ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ တုံ့ပြန်လိုက်သလို သက်တမ်းရင့် တော်လှန်ရေးပါတီတခုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုပေမဲ့ အစိုးရဘက်က လက်ခံဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့အတွက် ကိုယ်စွမ်းရှိသလောက် ပါဝင်ကြိုးပမ်းဖို့ အသင့်ရှိကြောင်း အိတ်ဖွင့်ပေးစာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ ရှမ်းပြည်တပ်မတော် (SSA) တို့ကို ရည်ညွှန်းပြီး မနေ့က ထုတ်ပြန်ခဲ့တာပါ။
သတင်းအပြည့်အစုံ သို့
နားဆင်ရန်...
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"