Saturday, July 16, 2011

မဇ္ဈိမ ၂၀၁၁ ခုနှစ် ဇူလိုင်လ ဓါတ်ပုံများ

ဝါဆိုလပြည့် ရွှေတိဂုံဘုရား လူစည်ကား :: ဝါဆိုလပြည့် ဓမ္မစကြာ 
အခါတော်နေ့ ကျရောက်သည့် ဇူလိုင်လ ၁၅ ရက် ၂၀၁၁ ခုနှစ်၊ သောကြာနေ့တွင် 
ရွှေတိဂုံဘုရား ကုန်းတော်ပေါ်၌ ဘုရားဖူးများနှင့် စည်ကားနေသည်ကို တွေ့ရစဉ် 
(ဓာတ်ပုံ - မဇ္ဈိမ)။ “သန္ဓေတောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” 
ဗုဒ္ဓမြတ်စွာဘုရားလောင်း မယ်တော်ဝမ်းကြာတိုက်နှိုက် သန္ဓေတည်တော်မူခြင်း၊ 
ဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက်တော်မူခြင်း၊ ပဉ္စ၀ဂ္ဂီငါးဦးအား 
ဓမ္မစကြာတရားဦး ဟောကြားတော်မူခြင်းနှင့် တိတ္တိတသင်းအား တန်ခိုးပြာဋိဟာ 
ပြတော်မူခဲ့သည့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ ဖြစ်သည်။ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသော စစ်ထရပ်ကားများ :: 
တရုတ်နိုင်ငံဘက်မှ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသော စစ်ထရပ်ကားများ 
မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရန်အတွက် ဂျယ်ခေါင် နယ်စပ်ဂိတ်ကို 
ဖြတ်သန်းရန် သွားနေသည်ကို ဇူလိုင် ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ-
 မဇ္ဈိမ။ ကြာသပတေးနေ့အထိ သုံးရက်တိုင် စစ်ကားဖြတ်သန်းမှုများ ရှိနေပြီး အစီး 
၃ဝဝ ခန့်ပင် ရှိမည်ဟု မြန်မာ-တရုတ်နယ်စပ် စစ်ရေးလေ့လာသူများက ပြောသည်။ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသော စစ်ထရပ်ကားများ :: 
တရုတ်နိုင်ငံဘက်မှ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသော စစ်ထရပ်ကားများ 
မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရန်အတွက် ဂျယ်ခေါင် နယ်စပ်ဂိတ်ကို 
ဖြတ်သန်းရန် သွားနေသည်ကို ဇူလိုင် ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ-
 မဇ္ဈိမ။ ကြာသပတေးနေ့အထိ သုံးရက်တိုင် စစ်ကားဖြတ်သန်းမှုများ ရှိနေပြီး အစီး 
၃ဝဝ ခန့်ပင် ရှိမည်ဟု မြန်မာ-တရုတ်နယ်စပ် စစ်ရေးလေ့လာသူများက ပြောသည်။ ဗြဟ္မစိုရ်အသင်း ရေစက်ချ :: ဗြဟ္မစိုရ်အသင်း လူမှုရေးအသင်း၏ ကုသိုလ်ဖြစ် 
အထူးကု အခမဲ့ ဆေးခန်းသစ် အဆောက်အအုံသစ် ရေစက်ချ အလှူတော် မင်္ဂလာအကြို ဓမ္မသဘင်
 ဒုတိယရက်ည တရားပွဲကို ဇူလိုင်လ ၁၃ ရက် ၂ဝ၁၁ ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် 
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းနှင့် ၃၃-၃၄ လမ်းကြား၌ ကျင်းပစဉ်
 (ဓာတ်ပုံ - မဇ္ဈိမ)။ ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တ တိက္ခက ဟောကြားတော်မူပြီး၊
 ဓမ္မဒါန ကုသိုလ်ရှင်မှာ အသင်းဒုဥက္ကဋ္ဌ အငြိမ်းစား ရုံပိုင်ချုပ်ကြီး 
ဦးဝင်းမြင့်နှင့် ဦးမင်းမင်း (မက္ခရာအိမ်တော်) မိသားစု ဖြစ်သည်။ ဗြဟ္မစိုရ်အသင်း ရေစက်ချ :: ဗြဟ္မစိုရ်အသင်း လူမှုရေးအသင်း၏ ကုသိုလ်ဖြစ် 
အထူးကု အခမဲ့ ဆေးခန်းသစ် အဆောက်အအုံသစ် ရေစက်ချ အလှူတော် မင်္ဂလာအကြို ဓမ္မသဘင်
 ဒုတိယရက်ည တရားပွဲကို ဇူလိုင်လ ၁၃ ရက် ၂ဝ၁၁ ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် 
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းနှင့် ၃၃-၃၄ လမ်းကြား၌ ကျင်းပစဉ်
 (ဓာတ်ပုံ - မဇ္ဈိမ)။ ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တ တိက္ခက ဟောကြားတော်မူပြီး၊
 ဓမ္မဒါန ကုသိုလ်ရှင်မှာ အသင်းဒုဥက္ကဋ္ဌ အငြိမ်းစား ရုံပိုင်ချုပ်ကြီး 
ဦးဝင်းမြင့်နှင့် ဦးမင်းမင်း (မက္ခရာအိမ်တော်) မိသားစု ဖြစ်သည်။ ကိုထိန်လင်း နေရပ်သို့ပြန် :: အလည်အပတ်ခရီး ပြီးဆုံးပြီးနောက် 
နေရပ်သို့ပြန်မည့် သားဖြစ်သူ ကိုထိန်လင်းအား မင်္ဂလာဒုံလေဆိပ်သို့ 
လိုက်ပါပို့ဆောင်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၁၂ ရက် 
၂ဝ၁၁ ခုနှစ် ညနေက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) မိခင်ဖြစ်သူ 
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအမီ ဇွန်လ ၁၉ ရက်က မြန်မာနိုင်ငံသို့ 
ရောက်ရှိလာသည့် ကိုထိန်လင်းသည် ယခုခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ၂၃ 
ရက်ကြာ နေထိုင်သွားခဲ့သည်။ သားဖြစ်သူကို လိုက်လံပို့ဆောင်သည့် ဒေါ်အောင်ဆန်းစုကြည် :: 
မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည် ကိုထိန်လင်းက နှင့် သားဖြစ်သူကို 
လိုက်လံပို့ဆောင်သည့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၁၂ 
ရက်၊ ၂ဝ၁၁ ခုနှစ် ညနေ အချိန်က မင်္ဂလာဒုံလေဆိပ် ပြည်ပထွက်ခွာ ခန်းမအတွင်း 
တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ကိုထိန်လင်းက လက်ဝှေ့ယမ်းနှုတ်ဆက် :: မြန်မာနိုင်ငံမှ 
ပြန်လည်ထွက်ခွာတော့မည် ကိုထိန်လင်းက လက်ဝှေ့ယမ်းနှုတ်ဆက်နေသည်ကို 
ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၁၂ ရက် ၂ဝ၁၁ ခုနှစ် ညနေက မင်္ဂလာဒုံလေဆိပ် ပြည်ပထွက်ခွာ
 ခန်းမအတွင်း တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်သို့ သွားရောက် :: 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ 
ကိုထိန်လင်းကို အာဇာနည်ဗိမာန်ရှေ့၌ ဇူလိုင်လ ၁၂ ရက် ၂ဝ၁၁ ခုနှစ်၊ အင်္ဂါနေ့ 
မနက်ပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ - NLD) ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်သို့ သွားရောက် :: 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ 
ကိုထိန်လင်းသည် အာဇာနည်ဗိမာန်သို့ ဇူလိုင်လ ၁၂ ရက် ၂ဝ၁၁ ခုနှစ်၊ အင်္ဂါနေ့ 
မနက်ပိုင်းတွင် သွားရောက်ကာ ဂါရဝပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - NLD) မိခင် ဒေါ်ခင်ကြည်အုတ်ဂူကို သွားရောက်ကန်တော့ :: ဒေါ်အောင်ဆန်းစုကြည်က 
ရွှေတိဂုံဘုရား တောင်ဘက်ရှိ ရွှေတိဂုံဘုရားလမ်းနံဘေးရှိ သူ၏မိခင် 
ဒေါ်ခင်ကြည်အုတ်ဂူတွင် သွားရောက်ကန်တော့သည်ကို အင်္ဂါနေ့ ဇူလိုင် ၁၂ ရက်၊ ၂ဝ၁၁
 ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ မိခင် ဒေါ်ခင်ကြည်အုတ်ဂူကို သွားရောက်ကန်တော့ :: ဒေါ်အောင်ဆန်းစုကြည်က 

 ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်း :: ပုဂံခရီးစဉ်နှင့် ပတ်သက်၍ 
သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၁၁ ရက် 
၂ဝ၁၁ ခုနှစ်၊ တနင်္လာ မနက်ပိုင်းတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း 
နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ။ ဒေါ်အောင်ဆန်းစုကြည်သည် 
ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ 
ဂူဗိမာန်ရှိရာ ရွှေတိဂုံဘုရားခြေရင်းရှိ အာဇာနည်ဗိမာန်သို့ သားငယ် 
ကိုထိန်လင်းနှင့်အတူ ဇူလိုင်လ ၁၂ ရက် ၂ဝ၁၁ ခုနှစ်၊ အင်္ဂါနေ့တွင် သွားရောက် 
ဂါရဝပြုမှာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်း :: ပုဂံခရီးစဉ်နှင့် ပတ်သက်၍ 
သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၁၁ ရက် 
၂ဝ၁၁ ခုနှစ်၊ တနင်္လာ မနက်ပိုင်းတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း 
နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ။ ဒေါ်အောင်ဆန်းစုကြည်သည် 
ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ 
ဂူဗိမာန်ရှိရာ ရွှေတိဂုံဘုရားခြေရင်းရှိ အာဇာနည်ဗိမာန်သို့ သားငယ် 
ကိုထိန်လင်းနှင့်အတူ ဇူလိုင်လ ၁၂ ရက် ၂ဝ၁၁ ခုနှစ်၊ အင်္ဂါနေ့တွင် သွားရောက် 
ဂါရဝပြုမှာ ဖြစ်သည်။ မန္တလေးမှာ ဒီမိုကရစ်တစ်ပါတီ (မြန်မာ) ဖွင့် :: ဒီမိုကရက်တစ်ပါတီ 
(မြန်မာ) ဆိုင်းဘုတ်တင်ပွဲကို ဇူလိုင်လ ၉ ရက် ၂ဝ၁၁ ခုနှစ်၊ စနေနေ့ မနက် ၉ 
နာရီတွင် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ဘက် 
အကွက်အမှတ် ၂၆၄ နေရာ၌ ပြုလုပ်နေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ 
ရုံးခန်းဖွင့်ခြင်း၊ ပါတီဝင်အင်အား စည်းရုံးခြင်းနှင့် ပါတီအလံ 
လွှင့်ထူခြင်းများလည်း ပြုလုပ်ခဲ့သည်။ ပါတီကို ဝါရင့်နိုင်ငံရေးသမားကြီး 
ဦးသုဝေ၊ ကွယ်လွန်သူ နိုင်ငံ့ခေါင်းဆောင်ဟောင်းများ၏ သမီး ၃ ဦး 
အပါအဝင်ဖြင့် ဦးဆောင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် 
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ရွေးချယ်ခံခဲ့ရသည်။ မန္တလေးမှာ ဒီမိုကရစ်တစ်ပါတီ (မြန်မာ) ဖွင့် :: ဒီမိုကရက်တစ်ပါတီ 
(မြန်မာ) ဆိုင်းဘုတ်တင်ပွဲကို ဇူလိုင်လ ၉ ရက် ၂ဝ၁၁ ခုနှစ်၊ စနေနေ့ မနက် ၉ 
နာရီတွင် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ဘက် 
အကွက်အမှတ် ၂၆၄ နေရာ၌ ပြုလုပ်နေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ 
ရုံးခန်းဖွင့်ခြင်း၊ ပါတီဝင်အင်အား စည်းရုံးခြင်းနှင့် ပါတီအလံ 
လွှင့်ထူခြင်းများလည်း ပြုလုပ်ခဲ့သည်။ ပါတီကို ဝါရင့်နိုင်ငံရေးသမားကြီး 
ဦးသုဝေ၊ ကွယ်လွန်သူ နိုင်ငံ့ခေါင်းဆောင်ဟောင်းများ၏ သမီး ၃ ဦး 
အပါအဝင်ဖြင့် ဦးဆောင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် 
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ရွေးချယ်ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ရောက် :: ပုဂံဘုရားဖူးခရီးမှ 
ပြန်ရောက်လာသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား 
ရန်ကုန်လေဆိပ် ပြည်တွင်းဆိုက်ရောက် ခန်းမသို့ လာရောက်နေသည်ကို ဇူလိုင်လ ၈ 
ရက် ၂ဝ၁၁ ခုနှစ်၊ သောကြာမနက် ၁၁ နာရီတွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။
 ၄ ရက်ကြာ ပုဂံဒေသ ဘုရားဖူးခရီးစဉ်မှာ နေအိမ်အထိမ်းခံမှ 
ပြန်လွတ်လာပြီးနောက် ၈ လခန့်အကြာတွင် ရန်ကုန်ပြင်ပသို့ ပထမဆုံးထွက်ရှိသည့် 
ခရီးစဉ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သားဖြစ်သူ ကိုထိန်လင်းလည်း 
ဘုရားဖူး သွားရောက်ခဲ့သည်။ မန္တလေးတိုင်း ညောင်ဦးလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်နေသည်ကို တွေ့ရစဉ် :: 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သားဖြစ်သူ 
ကိုထိန်လင်းက မန္တလေးတိုင်း ညောင်ဦးလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်နေသည်ကို 
ဇူလိုင် ၈ ရက် ၂ဝ၁၁ ခုနှစ်၊ သောကြာမနက်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ 
၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ် အထိန်းသိမ်းခံမှ ပြန်လွတ်လာပြီးနောက် 
ပထမဆုံး ရန်ကုန်ပြင်ပ ခရီးစဉ်အဖြစ် ရှေးဟောင်းမြို့တော် ပုဂံသို့ ၄ ရက်ကြာ 
ဘုရားဖူးထွက်ခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင် ရန်ကုန်မြို့ နေအိမ်သို့ 
ပြန်ရောက်သည်။ လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွား :: ရန်ကုန် 
တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက် စစ်ကိုင်း ၂၉ လမ်းတွင် မီးလောင်ကျွမ်းမှု 
ဗုဒ္ဓဟူးနေ့ ဇူလိုင် ၆ ရက်၊ ၂ဝ၁၁ ခုနှစ်က ဖြစ်ပွားပြီးနောက် တွေ့ရသော 
မြင်ကွင်း။ နံနက် ၃ နာရီခန့်က လျှပ်စစ်ဝါယာရှော့ ဖြစ်ရာက 
စတင်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု မြို့နယ် မီးသတ်က ပြောသည်။ လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွား :: ရန်ကုန် 
တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက် စစ်ကိုင်း ၂၉ လမ်းတွင် မီးလောင်ကျွမ်းမှု 
ဗုဒ္ဓဟူးနေ့ ဇူလိုင် ၆ ရက်၊ ၂ဝ၁၁ ခုနှစ်က ဖြစ်ပွားပြီးနောက် တွေ့ရသော 
မြင်ကွင်း။ နံနက် ၃ နာရီခန့်က လျှပ်စစ်ဝါယာရှော့ ဖြစ်ရာက 
စတင်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု မြို့နယ် မီးသတ်က ပြောသည်။ ပုဂံမြို့ အာနန္ဒာဘုရားတွင် ဘုရားဝတ်ပြု :: ပုဂံမြို့ အာနန္ဒာဘုရားတွင်
 ဘုရားဝတ်ပြုလျှက်ရှိသော  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် 
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို 
အင်္ဂါနေ့ ဇူလိုင် ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဦးကျားကြီးဝင်းအတွင်း မီးငြိမ်းသတ်ရန် မီးသတ်ကားများ ဝင်ရောက်လာ :: 
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ 
ဦးကျားကြီးဝင်းအတွင်း မီးလောင်နေရာသို့ မီးငြိမ်းသတ်ရန် မီးသတ်ကားများ 
ဝင်ရောက်လာသည်ကို အင်္ဂါနေ့ ဇူလိုင် ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- 
မဇ္ဈိမ ဦးကျားကြီးဝင်းအတွင်း မီးလောင်နေခိုက် မီးငြိမ်းသတ်နေစဉ် :: 
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်  ဦးကျားကြီးဝင်းအတွင်း မီးလောင်နေခိုက် 
မီးငြိမ်းသတ်မှုကို အင်္ဂါနေ့ ဇူလိုင် ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ-

 မဇ္ဈိမ ပုဂံမြို့ရှိ Bagan Hotel River View သို့ ရောက်ရှိ :: 
ဒေါ်အောင်ဆန်းစုကြည် ပုဂံမြို့ရှိ Bagan Hotel River View သို့ 
ရောက်ရှိလာချိန်တွင် ဟိုတယ် ဝန်ထမ်းတဦးက ပန်းစီးကမ်း 
ကြိုဆိုနှုတ်ဆက်နေသည်ကို တနင်္လာနေ့ ဇူလိုင် ၄ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ 
ဓာတ်ပုံ- မဇ္ဈိမ ဒေါ်အောင်ဆန်းစုကြည်အား NLD အဖွဲ့ဝင်များ လာရောက်ကြိုဆို :: 
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာစဉ် 
လာရောက်ကြိုဆိုကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို တနင်္လာနေ့ 
ဇူလိုင် ၄ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ သူ့ပုံပါ ပို့စ်စကဒ်ကို ကိုင်ဆောင်ထားသော သံဃာတော်တပါး<br 
/>ပုဂံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို 
ကြိုဆိုသောအားဖြင့် သူ့ပုံပါ ပို့စ်စကဒ်ကို ကိုင်ဆောင်ထားသော 
သံဃာတော်တပါးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ရန်ကုန်ဗုံးလန့် :: ရန်ကုန်မြို့ အာလာဒင်ဂိမ်းဆိုင် စင်တာရှေ့ တွင် 
ပိုင်ရှင်မဲ့ အထုတ်တထုတ်ကို စစ်ဆေးနေသူများကို တနင်္ဂနွေနေ့ ဇူလိုင်လ ၃ ရက် 
၂ဝ၁၁ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ပါကင်ပိတ် 
အထုပ်အတွင်း တိုင်ကပ်နာရီ တလုံး၊ မီးအိမ်တခုနှင့် ဓါတ်ပုံအယ်လ်ဘမ်တခုကို 
စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါအထုတ်ကို 
ဗုံးဟုစိုးရိမ်ထိတ်လန့်မှုဖြစ်ခဲ့ကြပြီး ဗိုလ်အောင်ကျော်လမ်းမကြီးကို 
နှစ်နာရီကြာ ပိတ်ဆို့ကာ စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ရန်ကုန်ဗုံးလန့် :: ပိုင်ရှင်မဲ့အထုတ်ကို ပြန်လည် သိမ်းဆည်းနေသော 
ရဲတပ်ဖွဲ့တဦးကို တနင်္ဂနွေနေ့ ဇူလိုင် ၃ ရက်၊ ၂ဝ၁၁ ခုနှစ် မွန်းလွဲက 
တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ပါကင်ပိတ်အထုပ်အတွင်းမှ တိုင်ကပ်နာရီတလုံး၊
 မီးအိမ်တခုနှင့် ဓါတ်ပုံအယ်လ်ဘမ်တခုကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် 
ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ မပါကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပေးခဲ့သည်။ 
အဆိုပါအထုတ်ကို ချိန်ကိုက်ဗုံးဟု သံသယဖြင့် အာလာဒင်ဂိမ်းဆိုင်စင်တာရှေ့တွင်
 လုံခြုံရေးများရောက်ရှိလာပြီး ဗိုလ်အောင်ကျော်လမ်းမကြီးကို နှစ်နာရီကြာ 
ပိတ်ဆို့စစ်ဆေးမှုပြုလုပ်ခဲ့ကြသည်။ ဒီမိုကရက်တစ် ပါတီမှ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ 
ဘန်ကောက်မြို့တွင် ရွေးကောက်ပွဲ မဲပေးနေပုံကို ဇူလိုင် ၃ ရက်၊ ၂ဝ၁၁ ခုနှစ် 
တနင်္ဂနွေနေ့က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ တနင်္ဂနွေနေ့က ပြုလုပ်သော 
ရွေးကောက်ပွဲ မဲပေးမှုသည် ဖြုတ်ချခံရသော ထိုင်းဝန်ကြီးချုပ် သက်ဆင် 
ရှင်နာဝပ်ထရာ၏ ညီမ ဖို့ထိုင်းပါတီမှ ယင်းလတ်ခ် ရှင်နာဝပ်ထရာနှင့် 
ဒီမိုကရက်တစ် ပါတီမှ ဝန်ကြီးချုပ် မစ္စတာ အဖိဆစ်တို့အကြား အကြိတ်အနယ် 
ယှဉ်ပြိုင်မှုပင် ဖြစ်သည်။ ငါးနှစ်ဆက်တိုက် နိုင်ငံရေး မတည်ငြိမ်မှု 
အကျပ်အတည်း တွေ့နေမှု ရပ်ဆိုင်းသွားမလား၊ ဆက်ဖြစ်နေဦးမှာလား ဆိုတာကို အဓိက 
အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။  ရန်ကုန်ရှိ ပင်စင်ဦးစီးဌာနတွင် လာရောက် စုံစမ်းမှုများ 
ပြုလုပ်နေကြသူများ :: အစိုးရဝန်ထမ်း ပင်စင်စားများ အတွက် လစာကို 
တိုးမြှင့်ကြောင်း ကြေညာလိုက်ပြီးနောက် ရန်ကုန်ရှိ ပင်စင်ဦးစီးဌာနတွင် 
လာရောက် စုံစမ်းမှုများ ပြုလုပ်နေကြသူများကို သောကြာနေ့ ဇူလိုင် ၃ဝ ရက်နေ့က 
တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပင်စင်လစာကို ၂ဝဝ၉  ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့က 
တိုးမြှင့်ပေးခဲ့သော အစိုးရဝန်ထမ်း လစာနှုန်းထား အတိုင်း 
ခံစားခွင့်ပြုလိုက်သည်ဟု နိုင်ငံပိုင်မီဒီယာများက ကြေညာခဲ့သည်။ 
သို့သော်လည်း ပင်စင်ဌာနဝန်ထမ်းများက တိုးမြှင့်လိုက်သော လစာကို ယခုထိ 
ရှင်းရှင်းလင်းလင်း မပြောနိုင်သေးဘဲ ဖြစ်နေသည်။

No comments:

Post a Comment