ထိပ်ဆုံး သတင်း :
Home » » မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲရေး မလုပ်ရန် KIO ဆွေးနွေး

မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲရေး မလုပ်ရန် KIO ဆွေးနွေး

7/18/2011 11:03:00 PMတွင်ရေးသည်

http://kachinnews.com/burmese/images/stories/KIOKIA/KIO_Ningbaw_Zawng_Hra.jpg..
ကေအိုင်အို ဥက္ကဌ ဇောင်းဟရား
မြန်မာစစ်တပ်ကို ဆက်လက် လက်နက်ကိုင် တော်လှန်တိုက်ခိုက်ရန် ကချင်ပြည်သူများက သဘောတူ သဖြင့် KIA ဌာနချုပ်မှ တာဝန်ရှိသူများက အပစ်ခတ်ရပ်စဲရေး မလုပ်တော့ရန် ပြောဆိုညှိနှိုင်းကြပါသည်။
“လူကြီးတွေက အပစ်ခတ်ရပ်ဆဲဖို့ဘယ်သူမှ မပြောတော့ဘူး ဘယ်လိုဆက်တိုက်မယ်ဆိုတာကိုပဲ ပြောကြတယ်။ ဌာနချုပ်က လူကြီးတွေအားလုံးက တိုက်ခိုက်ဖို့ပဲပြောနေတယ်” ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဌနှင့် နီးစပ်သူတဦးက ပြောသည်။
အစည်းအဝေးကို ကချင်ပြည်နယ် KIO မြို့တော်လိုင်ဇာ တနေရာတွင် ဇူလိုင်လ ၁၆ ရက်နေ့တွင်နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သည်။ ၎င်းအစည်းအဝေးတွင် KIA ဘက်မှ တာဝန်ရှိပုဂ္ဂိုလ် (၁၈)ဦးခန့် တက်ရောက်ပြီး ပြောဆိုညှိနှိုင်းကြခြင်းဖြစ်သည်။
“မြန်မာစစ်တပ် တို့ကလည်း တစ်ကယ်တမ်း စိတ်ထဲမှာပါလို့ပြောတာမဟုတ်ဘူး။ နိုင်ငံရေး ကစားတာပဲ ဒါကြောင့် တိုက်ပွဲအကြီးဖြစ်သွားဖို့က ပိုများနိုင်တယ်လို့ ဥက္ကဌကပြောတယ်။” ဟု ဥက္ကဌနှင့် နီးစပ်သူတဦးက ဆက်လက်ပြောကြားသွားသည်။
KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ အလဲန့်ဘွမ် (Alen Bum)တွင် ပြီးခဲ့သည့် ဇွန်လှိုင် ၁၂ ရက်မှ ၁၃ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်သွားသော လူထုသဘောထား တင်ပြဆွေးနွေးမှုတွင် မြန်မာစစ်တပ်နှင့် KIA အပစ်ရပ်စဲရေးကို ကချင်ပြည်သူများက ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။


ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"