Sunday, July 17, 2011

နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းက SSA တပ်ဖွဲ့ ဆုတ်ခွာ


မြန်မာအစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတာ သီတင်းတပတ် ရှိသွားပြီဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA (မြောက်ပိုင်း) တပ်ဖွဲ့တွေဟာ အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် သူတို့နေရာယူထားတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်မှာရှိတဲ့ နမ့်ကိုင်ဖိတ် စစ်မျက်နှာကနေ ဒီကနေ့ပဲ ဆုတ်ခွာလိုက်တယ်လို့ SSA (မြောက်ပိုင်း) တပ်ဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ SSA/SSPP တပ်ဖွဲ့တွေကတော့ ပြောက်ကျားစနစ်နဲ့ ဆက်ပြီး ခုခံ တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်းမှာ အရပ်သားတွေလည်း အထိအခိုက် ရှိနေသလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
သတင်းအပြည့်အစုံ

နားဆင်ရန်...

No comments:

Post a Comment