(Photo: AFP)
မြန်မာစစ်တပ်က တိုင်းရင်းသူ အမျိုးသမီးတွေ အပေါ် အတင်း အဓမ္မပြုကျင့်တာတွေ ရပ်တန့်သွားအောင် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖိအားပေးဖို့ နိုင်ငံခြားရေး ၀န်ကြီး မစ္စစ် ဟီလာရီ ကလင်တန် ဆီကို အမေရိကန် အထက် လွှတ်တော် အမျိုးသမီး (၁၃) ဦးက သြဂုတ်လ ၁၀ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက် ပါတယ်။
ဝါရှင်တန်ဒီစီ မြို့တော်တွင် တည်ရှိသည့်၊ အမေရိကန် ပြည်ထောင်စု၏ ဒီမိုကရေစီ မဏ္ဍိုင်ဖြစ်သော ကွန်ဂရက် လွှတ်တော် အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP)
အဓမ္မပြုကျင့်တာကို မြန်မာ အစိုးရက စစ်လက်နက် သဖွယ် အသုံးချနေတာကြောင့် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင် မြန်မာနိုင်ငံကို စေလွှတ်ရေး အတွက် အမြန်ဆုံး အကောင်အထည် ဖေါ်အောင် ဆောင်ရွက်ပေးဖို့ စာထဲမှာ တိုက်တွန်းထား ပါတယ်။ အဓမ္မပြုကျင့်တာကို မြန်မာ အစိုးရက စစ်လက်နက် သဖွယ် အသုံးချနေတာကြောင့် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင် မြန်မာနိုင်ငံကို စေလွှတ်ရေး အတွက် အမြန်ဆုံး အကောင်အထည် ဖေါ်အောင် ဆောင်ရွက်ပေးဖို့ စာထဲမှာ တိုက်တွန်းထား ပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ကချင်နဲ့ ကရင်ဒေသတွေက အမျိုးသမီးတွေရဲ့ အခြေအနေတွေကို အမေရိကန် အထက်လွှတ်တော် အမျိုးသမီးတွေက အတော်လေး စိုးရိမ်နေတဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် US Campaign for Burma အဖွဲ့ရဲ့ ညွန်ကြားရေးမူး Jennifer Quigley က ပြောပါတယ်။ မြန်မာ တိုင်းရင်းသူ အမျိုးသမီးတွေ အပေါ် အတင်းအဓမ္မ ပြုကျင့်မှုတွေ၊ အဲဒီရဲ့ အကျိုးဆက်တွေ၊ နောက်အမျိုးသမီးတွေရဲ့လုံခြုံရေးကို အမေရိကန် အထက်လွှတ်တော် အမျိုးသမီးတွေ အနေနဲ့ ဘယ်လောက်အထိ စိုးရိမ်မကင်း ဖြစ်နေသလဲဆိုတာ ပြလိုက်တာပါ။ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသက မြန်မာ တိုင်းရင်းသူတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ၀ိုင်းဝန်း အကာအကွယ် ပေးနိုင်ဖို့ သူတို့ တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောသွားပါတယ်။ USCB အဖွဲ့ဟာ အမေရိကန် လွှတ်တော်မှာ မြန်မာ့ အရေး အလေးပေး ဆောင်ရွက်လာအောင် ကြိုးပမ်း ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေးအဖွဲ့ ဖြစ်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က မေးမြန်းတင်ပြထားပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !