Friday, August 12, 2011

မဇ္ဈိမ ၂၀၁၁ ခုနှစ် သြဂုတ်လ ဓါတ်ပုံများ


အစိုးရသစ် လက်ထက် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှု :: လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ အစိုးရသစ် လက်ထက် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှုအဖြစ် ရန်ကုန်မြို့ အစိုးရ ဧည့်ရိပ်သာတွင် သောကြာနေ့က တွေ့ဆုံ ဆွေးနွေး ကြသည်။ နှစ်ဘက်လက်တွဲကာ ဒီမိုကရေစီစနစ် ဆက်လက် ထွန်းကားရေးနှင့် စီးပွားဖွံ့ဖြိုးမှုအတွက် အပြုသဘောဆောင်ရွက်နှင့် ပဋိပက္ခ္ခအမြင်များကို ရှောင်ရှားက တွေ့ဆုံ ဆွေးနွေးမှု ထပ်လုပ်သွားမည်ဟု သဘောတူကြေညာချက် ထုတ်ပြန်သည်။ ဓာတ်ပုံ- မဇ္ဈိမ ဝန်ကြီး ဦးကျော်ဆန်းအား သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရစဉ် :: မြန်မာ အစိုးရ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းအား နေပြည်တော်တွင် သြဂုတ် ၁၂ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ) ၂ဝ၁ဝ နိုဝင်ဘာရွေးကောက်ပွဲအပြီး စစ်တပ်နောက်ခံ အစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီး ဦးကျော်ဆန်းအား သတင်းစာ ရှင်းလင်းပွဲ အတွင်း တွေ့ရစဉ် :: မြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းအား နေပြည်တော်တွင် သြဂုတ် ၁၂ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ) ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး စစ်တပ်နောက်ခံ အစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဗဟိုအစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီး ဦးကျော်ဆန်း မျက်ရည်ကျ :: ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက နေပြည်တော်တွင် ပြုလုပ်သော ဗဟိုအစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားနေသည်ကို သောကြာနေ့ သြဂုတ် ၁၂ ရက်၊ ၂၀၁၁ ခုနှစ်က တွေ့ရစဉ်။ ဓါတ်ပုံ - မဇ္ဈိမ။ သတင်းစာ ရှင်းလင်းပွဲတွင် အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်ပြီး သတင်းထောက်အများ စိတ်ဝင်စားမှု ဖြစ်ခဲ့ကြကာ မေးမြန်းမှုများ ပြုလုပ်ရာ ဝန်ကြီးက ဖြေကြားရင်း မျက်ရည်ကျသွားခဲ့သည်။ ဝန်ကြီး ဦးကျော်ဆန်းအား သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရစဉ် :: မြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းအား နေပြည်တော်တွင် သြဂုတ် ၁၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ) ၂ဝ၁ဝ နိုဝင်ဘာရွေးကောက်ပွဲအပြီး စစ်တပ်နောက်ခံ အစိုးရသစ်တက်လာပြီးနောက် ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပြသထားသည့် ပိုစတာများကို ကြည်ရှုနေသည့် သတင်းထောက်တဦး :: နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြသထားသည့် ပိုစတာများကို ကြည်ရှုနေသည့် သတင်းထောက်တဦးကို တွေ့ရစဉ်။(ဓါတ်ပုံ။ မဇ္ဈိမ) ၂ဝ၁ဝ နိုဝင်ဘာရွေးကောက်ပွဲအပြီး စစ်တပ်နောက်ခံ အစိုးရသစ်တက်လာပြီးနောက် ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရေဘေးဒုက္ခသင့်နေသော ပဲခူးမြို့သို့ :: ပဲခူးမြို့ ရထား ဘူတာရုံတွင် ရေတက်နေခြင်းကို ကြာသပတေးနေ့ သြဂုတ် ၁၁ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မြို့၏ စိုးရိမ်ရေမှတ် ထက် ၄၂ စင်တီမီတာ ကျော်လွန်ကာ ရေလျှံနေသောကြောင့် ထောင်ပေါင်းများစွာ ရေဘေး ဒုက္ခ သင့်နေသော ပဲခူးမြို့သို့ ဒေါ်အောင်ဆန်းစုကြည်မှာ တနင်္ဂနွေနေ့တွင် သွားရောက်ရန် သတ်မှတ်ထားသည်။ မြောက်ကိုရီးယား သင်္ဘော ဆူးလေ ဘောတံတားတွင် ဆိုက်ကပ် :: ရန်ကုန်မြို့ ဆူးလေ ဘောတံတား အမှတ် ၃ တွင် ဆိုက်ကပ်ထားသော မြောက်ကိုရီးယား သင်္ဘော Tu Man Gang ကို အင်္ဂါနေ့ သြဂုတ် ၉  ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မြန်မာနိုင်ငံက မြောက်ကိုရီးယားသို့ ဧည့်မထ ၂၅ မှတ်ဆန် ဆန်တန်ချိန် ၈ ထောင် တင်ပို့မှာ ဖြစ်သည်။ မြောက်ကိုရီးယား သင်္ဘော ဆူးလေ ဘောတံတားတွင် ဆိုက်ကပ် :: ရန်ကုန်မြို့ ဆူးလေ ဘောတံတား အမှတ် ၃ တွင် ဆိုက်ကပ်ထားသော မြောက်ကိုရီးယား သင်္ဘော Tu Man Gang ကို တနလာင်္နေ့ သြဂုတ် ၈  ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မြန်မာနိုင်ငံက မြောက်ကိုရီးယားသို့ ဧည့်မထ ၂၅ မှတ်ဆန် ဆန်တန်ချိန် ၈ ထောင် တင်ပို့မှာ ဖြစ်သည်။ ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းကပ်လှူပွဲ :: ကြည့်မြင့်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည့် ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်း ကပ်လှူပွဲတွင် တရားနာနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့ သြဂုတ်လ ၈ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) သြဂုတ် ၈ ရက်။ ၁၉၈၈ ခုနှစ်က အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို စိန်ခေါ်သော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး ဆန္ဒပြမှုများ နိုင်ငံတဝှမ်း ပေါ်ပေါက်ခဲ့သလို စစ်တပ်က ပစ်ခတ်နှိမ်နင်းခြင်းလည်း ကြုံခဲ့ရသည်။ ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းကပ်လှူပွဲ :: နိုင်ငံအဝှမ်း လူထုအုံကြွမှု တပြိုင်တည်း စတင်သော ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်း ကပ်လှူပွဲတွင် တရားနာနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့ သြဂုတ်လ ၈ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ကြည့်မြင့်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည့် ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ် အများအပြား တက်ရောက်ခဲ့ကြသည်။ သြဂုတ် ၈ ရက်။ ၁၉၈၈ ခုနှစ်က အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို စိန်ခေါ်သော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး ဆန္ဒပြမှုများ နိုင်ငံတဝှမ်း ပေါ်ပေါက်ခဲ့သလို စစ်တပ်က ပစ်ခတ်နှိမ်နင်းခြင်းလည်း ကြုံခဲ့ရသည်။ ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းကပ်လှူပွဲ ::  ကြည့်မြင့်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပသည့် ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်း ကပ်လှူပွဲတွင် သာဓုကျောင်းတိုက် ဆရာတော် အရှင် ဥဂ္ဂံသအား ဝါဆိုသင်္ကန်း ဆက်ကပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့ သြဂုတ်လ ၈ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) သြဂုတ် ၈ ရက်။ ၁၉၈၈ ခုနှစ်က အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စိန်ခေါ်သော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး ဆန္ဒပြမှုများ နိုင်ငံတဝှမ်းပေါ်ပေါက်ခဲ့သလို စစ်တပ်က ပစ်ခတ်နှိမ်နင်းခြင်းလည်း ကြုံခဲ့ရသည်။ ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းကပ်လှူပွဲ :: ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်း ကပ်လှူပွဲသို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်ကို တနင်္လာနေ့ သြဂုတ်လ ၈ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) သြဂုတ် ၈ ရက်။ ၁၉၈၈ ခုနှစ်က အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီကို စိန်ခေါ်သော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး ဆန္ဒပြမှုများ နိုင်ငံတဝှမ်း ပေါ်ပေါက်ခဲ့သလို စစ်တပ်က ပစ်ခတ်နှိမ်နင်းခြင်းလည်း ကြုံခဲ့ရသည်။ ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းကပ်လှူပွဲ :: ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်း ကပ်လှူပွဲသို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးကို တနင်္လာနေ့ သြဂုတ်လ ၈ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) သြဂုတ် ၈ ရက်။ ၁၉၈၈ ခုနှစ်က အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စိန်ခေါ်သော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး ဆန္ဒပြမှုများ နိုင်ငံတဝှမ်းပေါ်ပေါက်ခဲ့သလို စစ်တပ်က ပစ်ခတ်နှိမ်နင်းခြင်းလည်း ကြုံခဲ့ရသည်။ ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းကပ်လှူပွဲ :: အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်နှင့် အဆိုတော် ဇေယျာသော်တို့ကို တနင်္လာနေ့ သြဂုတ်လ ၈ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက ကြည့်မြင့်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပသည့် ရှစ်လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းကပ်လှူပွဲတွင်  တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္မျိမ ) သြဂုတ် ၈ ရက်။ ၁၉၈၈ ခုနှစ်က အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စိန်ခေါ်သော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး ဆန္ဒပြမှုများ နိုင်ငံတဝှမ်းပေါ်ပေါက်ခဲ့သလို စစ်တပ်က ပစ်ခတ်နှိမ်နင်းခြင်းလည်း ကြုံခဲ့ရသည်။ စာသင်သား ရဟန်းများ WiFi အသုံးပြု၍  ဗုဒ္ဓတရားတော်များကို နာယူ :: စာသင်သား ရဟန်းများက ဗုဒ္ဓတရားတော်များကို WiFi အင်တာနက် အသုံးပြု၍ ကွန်ပြူတာမှ နာယူနေကြစဉ်။ ဓာတ်ပုံ- မဇ္ဈိမ စာသင်သား ၇၀၀ ကျော်၇ှိ မန္တလေး ၈၂ x ၈၃ လမ်းကြား၊ ၃၂ x ၃၃ လမ်းကြားရှိ ဆူးခါးတိုက် ဗုဒ္ဓတက္ကသိုလ်တွင် Dhamma Web Portal ဗုဒ္ဓတရားတော်များ ဆိုင်ရာ ဓမ္မဆာဗာဆိုသော အစီအစဉ်ဖြင့် တရားတော်များကို WiFiနှင့် ဖမ်းယူ၍ ရအောင် ဆောင်ရွက်ပေးထားသည်။ စာသင်သား ရဟန်းများ WiFi အသုံးပြု၍  ဗုဒ္ဓတရားတော်များကို နာယူ :: စာသင်သား ရဟန်းများက ဗုဒ္ဓတရားတော်များကို WiFi အင်တာနက် အသုံးပြု၍ ကွန်ပြူတာမှ နာယူနေကြစဉ်။ ဓာတ်ပုံ- မဇ္ဈိမ စာသင်သား ၇၀၀ ကျော်၇ှိ မန္တလေး ၈၂ x ၈၃ လမ်းကြား၊ ၃၂ x ၃၃ လမ်းကြားရှိ ဆူးခါးတိုက် ဗုဒ္ဓတက္ကသိုလ်တွင် Dhamma Web Portal ဗုဒ္ဓတရားတော်များ ဆိုင်ရာ ဓမ္မဆာဗာဆိုသော အစီအစဉ်ဖြင့် တရားတော်များကို WiFiနှင့် ဖမ်းယူ၍ ရအောင် ဆောင်ရွက်ပေးထားသည်။ လမ်းဘေး ဈေးသည်များအား ရှင်းလင်းရန် စည်ပင်ဝန်ထမ်း အင်အားသုံး စောင့်ကြည့် :: ရန်ကုန်မြို့တွင်း လမ်းဘေး ဈေးသည်များအား ရှင်းလင်းရန် ရန်ကုန်မြို့ စည်ပင်ဝန်ထမ်း အများအပြား အင်အားသုံး စောင့်ကြည့်နေသည်ကို တွေ့ရစဉ်။ ရန်ကုန်စည်ပင်မှ သတ်မှတ်ပေးသောနေရာများ တွင် ဈေးရောင်းခြင်း အဆင်မပြေမှုများကြောင့် ဈေးသည် အများအပြားမှာ မူလနေရာများတွင်သာ ရောင်းချနိုင်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန် စည်ပင် နယ်နိမိတ်တွင် ဈေးသည်ပေါင်း ၄၉,၀၀၀ ကျော် ရှိသည့်အနက် မြို့လယ် လမ်းဘေးဈေးသည်များမှာ ဆင်ခြေဖုံးမြို့နယ်များမှ လာရောက် ရောင်းချသူများ အများစု ဖြစ်သည်။ လမ်းဘေး ဈေးသည်များအား ရှင်းလင်းရန် စည်ပင်ဝန်ထမ်း အင်အားသုံး စောင့်ကြည့် :: ရန်ကုန်မြို့တွင်း လမ်းဘေး ဈေးသည်များအား ရှင်းလင်းရန် ရန်ကုန်မြို့ စည်ပင်ဝန်ထမ်း အများအပြား အင်အားသုံး စောင့်ကြည့်နေသည်ကို တွေ့ရစဉ်။ ရန်ကုန်စည်ပင်မှ သတ်မှတ်ပေးသောနေရာများ တွင် ဈေးရောင်းခြင်း အဆင်မပြေမှုများကြောင့် ဈေးသည် အများအပြားမှာ မူလနေရာများတွင်သာ ရောင်းချနိုင်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန် စည်ပင် နယ်နိမိတ်တွင် ဈေးသည်ပေါင်း ၄၉,၀၀၀ ကျော် ရှိသည့်အနက် မြို့လယ် လမ်းဘေးဈေးသည်များမှာ ဆင်ခြေဖုံးမြို့နယ်များမှ လာရောက် ရောင်းချသူများ အများစု ဖြစ်သည်။ တိုင်းရင်းသား ညီနောင် ၅ ပါတီ အစည်းအဝေး :: ရန်ကုန်မြို့ ကျားဖြူပါတီတွင် တိုင်းရင်းသား ညီနောင် ၅ ပါတီ အစည်းအဝေး ပြုလုပ်ပြီးနောက် ပါတီရုံးရှေ့တွင် အမှတ်တရ ဓာတ်ပုံရိုက်ကြသည်ကို ဗုဒ္ဓဟူးနေ့ သြဂုတ် ၃ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- NBF။ တိုင်းရင်းသား နယ်မြေများတွင် ငြိမ်းချမ်းရေး ရရှိစေရန် အစိုးရက ဦးဆောင်၍ ငြိမ်းချမ်းရေး ကော်မတီ တရပ်ဖွဲ့၍ ဆောင်ရွက်သွားရန် ၅ ပါတီက တိုက်တွန်း လိုက်သည်။ ပန်းချီဆရာ ရာဟုလာ ကွယ်လွန် :: ပန်းချီဆရာ ရာဟုလာသည် မင်းကွန်းရှိ သူ၏နေအိမ်တွင် လည်ချောင်း ကင်ဆာဝေဒနာဖြင့် တနင်္ဂနွေ ဇူလိုင် ၃၁ ရက်၊ ၂ဝ၁၁ ခုနှစ်က ကွယ်လွန် သွားခဲ့သည်။ သူသည် လွန်ခဲ့သော နှစ်ကတည်းက ကင်ဆာဝေဒနာ ခံစားနေခဲ့ရသည်။ ဓာတ်ပုံ- မဇ္ဈိမ ပန်းချီဆရာ ရာဟုလာ ကွယ်လွန် :: ပန်းချီဆရာ ရာဟုလာသည် မင်းကွန်းရှိ သူ၏နေအိမ်တွင် လည်ချောင်း ကင်ဆာဝေဒနာဖြင့် တနင်္ဂနွေ ဇူလိုင် ၃၁ ရက်၊ ၂ဝ၁၁ ခုနှစ်က ကွယ်လွန် သွားခဲ့သည်။ သူသည် လွန်ခဲ့သော နှစ်ကတည်းက ကင်ဆာဝေဒနာ ခံစားနေခဲ့ရသည်။ ဓာတ်ပုံ- မဇ္ဈိမ

No comments:

Post a Comment