Saturday, August 27, 2011

မြန်မာတပ် အမြောက်ဆံသင့်သော ဆရာမ မိုင်းအောင်၌ ထူးခြားသည့်လက္ခဏာပြ


Maijayang jawng
KIO မိုင်ဂျာယန် အထက်တန်းကျောင်း၊ မန်မော် (ဗန်းမော်)ခရိုင်၊ ကချင်ပြည်နယ်အရှေ့ပိုင်း။


မြန်မာအစိုးရတပ်၏ အမြောက်ဆံသင့်သည့် ကျောင်းဆရာမ မိုင်းအောင်သည် သာမန်မဟုတ်သည့် ဒဏ်ရာလက္ခဏာများ ခံစားနေရသည်ဟု သိရသည်။
“ဆရာမိုင်းအောင် ဆက်တိုက်ဆိုသလို တော်တော်လေး အော့အန်တယ်။ သံပုရာသီးစားလိုက်ရင် ပြန်သက်သာလာတယ်။” ဆရာမ ဆေးကုသမှုခံယူနေသည့် နမ်လင်းပါ KIO ဆေးရုံနှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် ဆရာမ၏ ခန္ဓာကိုယ်ရှိ အမြောက်ဆံထိသည့် နေရာများအား ခွဲစိတ်ရာ ဂီတာကြိုးစကဲ့သို့သော  သံကြိုးမျှင်များ ထွက်လာသည်ဟု ဆိုသည်။ အချို့ကို မ ခွဲထုတ်နိုင်သေးကြောင်း ထပ်ပြောသည်။

ဆရာမ မိုင်းအောင်သည် သူ၏ တပည့် (၄) ဦး (မ ဖေါ်လားထု သူငယ်တန်း၊ မ အင်ဒေါင်ဒီးရာ သူငယ်တန်း၊ မ လဘန်ဘောက်ဆန် ပထမတန်းနှင့် မ အင်ဒေါင် ဘောက်ရာ) ကို စာပြနေချိန် သြဂုတ်လ (၂၀) ရက် ည (၈) နာရီခန့်တွင် မံဂျေ (မံစီ)မြို့နယ်၊ ဂျေအူကျေးရွာ၌ တပ်စွဲထားသော ခလရ (၇၄) က ပစ်ခတ်လိုက်သော အမြောက်ကျည်မှာ ဆရာမအိမ်ပေါ် ကျရောက်ပေါက်ကွဲ ခဲ့သည်။

(၆) နှစ်အရွယ် ဖေါ်လားထု ချက်ချင်းသေဆုံးကာ ဆရာမနှင့်အတူ ကျန်တပည့် (၃) ဦးအား နမ်လင်းပါ (Namlim Pa) ရှိ KIO ဆေးရုံတွင် ဆေးဝါးကုသပေးလျက်ရှိနေစဉ် ယခုကဲ့သို့ ဒဏ်ရာလက္ခဏာများ ပြသလာခြင်းဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment