ထိပ်ဆုံး သတင်း :
Home » » လုပ်ငန်းရှင်တွေ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံဖို့ရှိ

လုပ်ငန်းရှင်တွေ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံဖို့ရှိ

8/17/2011 06:14:00 PMတွင်ရေးသည်

Photo: AFP / HO / MNA

သမ္မတ ဦးသိန်းစိန်က စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ပထမဆုံး အကြိမ်အဖြစ် နေပြည်တော် မှာ မနက်ဖြန် တွေ့ဆုံဖို့ ဖိတ်ကြားထားပါတယ်။

သမတ ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ ဧပြီ ၁ ရက်နေ့က အစိုးရအဖွဲ့သစ် တာဝန်များ အသီးသီး ယူပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MNA)

မနက်ဖြန် နေ့လည် ၂ နာရီမှာ လူထုကို မိန့်ခွန်းပြောကြားဖို့ရှိကြောင်း နေပြည်တော်ကို ရောက်ရှိ နေတဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲအတွက် အစိုးရရဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီက ဖိတ်စာတွေကို ဒီကနေ့ အရေးပေါ် ဝေငှခဲ့ကြောင်း သိရပါတယ်။ သမ္မတအနေနဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စတွေကို အဓိကထား ပြောကြား ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။ "တချို့လူကြီးတွေ အခု သွားနေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ကို ရှေ့ဆက် လုပ်ဆောင်ရမှာ တွေကို ဆွေးနွေးတာလို့ ထင်ပါတယ်။ အဲဒီအတွက်လို့ပဲ ကျနော်ကြားပါတယ်" ဒီတွေ့ဆုံပွဲကို ဖိတ်ကြား ထားသူတွေထဲမှာ ရန်ကုန်မြို့က နာရေးကူညီမှု အသင်းခေါင်းဆောင် ရုပ်ရှင်မင်းသား ဦးကျော်သူ နဲ့ မင်္ဂလာမြန်မာ လူမှုကူညီရေးအသင်း ခေါင်းဆောင် ဒေါက်တာဖုန်းဝင်းတို့ လည်းပါဝင်ကြောင်း သိရပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"