ထိပ်ဆုံး သတင်း :
Home » » တာချီလိတ်တွင် ရေကြီး၊ “တာလော့” ဈေးကြီးပိတ်ထားရ

တာချီလိတ်တွင် ရေကြီး၊ “တာလော့” ဈေးကြီးပိတ်ထားရ

8/22/2011 10:37:00 PMတွင်ရေးသည်

http://t1.gstatic.com/images?q=tbn:ANd9GcTQewwTae57pki5CRh4AWSYBjeNoBNEY_w4JAOGtlFbdQQjC_Um5Q.
ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင် နှင့် တာချီလိတ် မြို့အကြားရှိ မယ်ဆိုင် တောင်ကျချောင်းမှ
ရေလျှံတက်မှုကြောင့် တာချီလိတ်မြို့ ရပ်ကွက် ၅ ခုတွင် ရေကြီးနေကြောင်း၊ နယ်စပ်ဈေးကြီး ဟုဆိုနိုင်သည့် တာလော့ဈေး နှင့် စာသင်ကျောင်း နှစ်ကျောင်း ကို ပိတ်ထားရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက မိုးသည်းထန်ပြီးနောက် တာချီလိတ်မြို့ အရှေ့ဘက်ခြမ်း၊ မယ်ဆိုင်ချောင်းနှင့် နီးစပ်သော ရပ်ကွက်များ ဖြစ်သည့် ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း(က)၊(ခ)၊ ဆမ်ဆိုင်း၊ မဲခေါင် ရပ်ကွက် များတွင် ရေနစ်မြုပ်နေသဖြင့် ဒေသခံများအဖို့ သွားရေး၊ လာရေး အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း
သိရသည်။

ပုန်းထွန် ရပ်ကွက်မှ မဖြူဖြူသွယ်က “ တာလော့ဈေးဆို ကုန်းမြင့်ပိုင်းလောက် ကျတဲ့ ဆိုင်ခန်းတွေကသာ ဖွင့်ထားတာ၊ ကုန်းနိမ့်ပိုင်းက ဆိုင်ခန်းတွေပိတ်ထားရတယ်။” ဟု ပြောသည်။

နယ်စပ် ဖြတ်ကျော် ခရီးသွားများ လာရောက်လည်ပတ်သည့် တာလော့ဈေး ပိတ်ထားရသည်မှာ ၄ ရက်မြောက်
နေ့ရှိပြီ ဟုလည်း ဆိုသည်။

တာချီလိတ်မြို့၏ အဓိကလမ်းမကြီး ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်း သည်လည်း အရင်ကတည်းက အပျက်
အစီး များပြားသည့် အထဲ ယခု ရေလွှမ်းမိုးမှု ဖြစ်နေသောကြောင့် သွားလာရန် အန္တရာယ် ရှိသည်ဟု ဒေသခံများ
က ပြောသည်။

 “ဗိုလ်ချုပ်အောင်ဆန်းလမ်း မြုပ်တယ်၊ နဂိုကတည်းက လမ်းတွေက ပျက်နေတာကို ရေကလွှမ်းတော့ လူတွေက
မမြင် မစမ်းသွားရတာ၊ ကားတွေ၊ ဆိုင်ကယ်တွေက ပျက်လိုပျက်၊ လူတွေက သွားရ၊လာရတာ ခက်ခဲတော့ စိတ်ညစ်တာပေါ့” ဟု အမည်မခံလိုသူ တာချီလိတ်မြို့ခံ တဦးက ပြောသည်။

မြို့တွင်းရှိ ရေစီး၊ ရေလာ မြောင်းများပိတ်ဆို့နေခြင်းကြောင့် ရေကြီးခြင်း ဖြစ်နိုင်သည် ဟုလည်း ဒေသခံများက
 ပြောသည်။ တာချီလိတ် မြို့ကို တောင်ပတ်လည် ဝန်းရံလျက်ရှိရာတွင် ယင်းတောင်များ၌ သစ်တောပြုန်းတီးမှု
 ဖြစ်နေသောကြောင့် ယခုလို မြစ်ရေလျှံမူများ ဖြစ်နေရသည်ဟုလည်း ခန့်မှန်းပြောဆိုကြသည်။

“ ကျမထင်တာကတော့ သစ်တောပြုန်းတီးမူကြောင့် အများကြီးဆိုင်တယ် သစ်တောပြုန်းတီးတော့ မိုးတွေက
 မြေဆီနဲ့ တိုက်ရိုက်ထိတော့ မိုးရေတွေက ထိန်းမရတော့အထိ တလ ဟောကျတာ၊ အခုဆိုရင် မယ်ဆိုင်ချောင်းက အရင်ကထက်ဆာရင် တဝက်လောက်နီးနီး ကျန်တော့အောင်ကို ကျဉ်းသွားတယ်၊ ချောင်းကျဉ်းသွားတော့ ရေစီး
ပိုလျှံတယ်၊ တခုခုဆို ရေလျှံတယ်” ဟု မဖြူဖြူသွယ်က ပြောသည်။၊

တာချီလိတ်မြို့၌ သြဂုတ်လနှင့် စက်တင်ဘာလများတွင် မယ်ဆိုင် မြစ်ရေလျှံမူကြောင့် ယခုကဲ့သို့ ရေလွှမ်းမိုးသည့် အခက်အခဲများ နှစ်စဉ် ကြုံတွေ့နေရသည်ဟုလည်း ဒေသခံများထံမှ သိရသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"