Saturday, August 20, 2011

စီးပွားရေး ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပတဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
AFP
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဒုတိယနေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (Photo: AFP)
ဆွေးနွေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ အကြံပေးအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒေါက်တာဦးမြင့်၊ ဒေါက်တာ ဒေါ်ရီရီမြင့် တို့နဲ့ အတူထိုင်ပြီး ပညာရှင် ၂ ဦး ဖတ်ကြားတဲ့ စာတမ်းတွေကို နားထောင်ခဲ့ကြောင်း အတူ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ဖို့အတွက် ဆက်သွယ်မေးမြန်းချက်။ အသံဖိုင်ယူရန်။

အဲဒီ စီးပွားရေးဆွေးနွေးပွဲကို “မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ” PDP ဥက္ကဋ္ဌ ကိုနေမျိုးဝေလည်း တက်ရောက်ပါတယ်။ သူတို့ပါတီက တင်သွင်းခဲ့တဲ့ စာတမ်းနဲ့ ပတ်သက်ပြီး ကိုနေမျိုးဝေကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

No comments:

Post a Comment