ထိပ်ဆုံး သတင်း :
Home » » ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံရေး ၈၈ ခေါင်းဆောင်တို့ တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံရေး ၈၈ ခေါင်းဆောင်တို့ တိုက်တွန်း

8/31/2011 07:51:00 PMတွင်ရေးသည်


208080-min_ko_naing
၂၀၀၇ ခုနှစ်က ရန်ကုန်မြို့ နိုင်ငံရေးလှုပ်ရှားမှု တခုတွင် တွေ့ရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ - AP)
“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအခြေအနေ အချိန်အခါမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင် ဖြစ်တယ်။ ဒါ ကြောင့် ဒေါ်အောင်ဆန်းစုကြည် အခု ဆောင်ရွက်နေတာတွေကို ပိုပြီးအဆင်ပြေ ချောမွေ့စေဖို့အတွက် ဒီမိုကရေစီ အင်အားစု အားလုံးကို ဆက်လက် ထောက်ခံဖို့ တိုက်တွန်းတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က အမှာစကား ပါးလိုက်ကြောင်း သူ၏ ယောက်ဖ ကိုဖြိုးမင်းသိန်းက ဧရာဝတီကို ယနေ့ ပြောပြသည်။

ကိုဖြိုးမင်းသိန်းသည် မကြာသေးမီက ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက် တွေ့ခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်၊ မိုင်းဆတ် အကျဉ်းထောင်ရှိ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်သွားမည် ဟူသော ပြောဆိုမှုများသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် ပထမခြေလှမ်းဟု မှတ်ယူပြီး သတိနှင့် ကြိုဆိုလိုက်သည်ဟု သိရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုအတွက် ထားရှိသည့် ရိုးသားသည့် စေတနာကို အစိုးရသစ်က အသုံးချခြင်း မပြုနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သတိရှိသင့်ကြောင်း ကိုကိုကြီးက  တိုက်တွန်းလိုသည်ဟု မိုင်းဆတ်အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

၁၉၈၈ လူထုလှုပ်ရှားမှုကာလ ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချို (ကိုဌေးဝင်းအောင်)၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုဉာဏ်လင်းမင်းနှင့်  ကိုအောင်နိုင် တို့သည် ၂၀၀၇ ခုနှစ်က လောင်စာဆီဈေးများ မြင့်တက်မှုကြောင့် ဆန္ဒပြခဲ့သည့် အတွက် ယခင်စစ်အစိုးရက ဖမ်းဆီးခဲ့သည်။

နောက်ပိုင်းတွင် ထောင်ဒဏ် ၆၅ နှစ် ၆ လ စီ ချမှတ်ခြင်း ခံရပြီး နိုင်ငံ အစွန်အဖျားရှိ  ရာသီဥတု ဆိုးရွားသောထောင်များ အပါအ၀င် နယ်ဘက် အကျဉ်းထောင်များသို့ ရောက်ရှိသွားသည်။

ယခုအခါ မိသားစု ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် ခက်ခဲခြင်း၊ ထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့်  အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ဟု သိရသည်။

ယခုအခါ ၎င်းတို့ကို ဖမ်းဆီးထောင်ချခဲ့သော စစ်အစိုးရဟူ၍ မရှိတော့ဘဲ အရပ်သားအစိုးရ ပေါ်ပေါက်လာပြီ ဖြစ်သောကြောင့်  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ လုပ်ဆောင်ခဲ့ကြသည့် ၈၈ မျိုးဆက် ခေါင်းဆောင်များကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်ကြောင်း  မိသားစုဝင်များက ပြောသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"