
နေပြည်တော်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန် (အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ (Photo: AFP / MRTV)
ဒါ့အပြင် သမ္မတရဲ့ မိန့်ခွန်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံနိုင်သေးတဲ့ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ ပဋိပက္ခတွေ လျော့ပါးအောင် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ၀န်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ကြိုးနီစနစ် ကိုင်စွဲထားသူတွေ၊ အဂတိ လိုက်စားမှုတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိ အစိုးရ အနေနဲ့ ၂၀၁၅ ခုနှစ်မှာ ဆင်းရဲနွမ်းပါးမှု နှုန်းထား ၁၆% အထိ လျော့ချနိုင်အောင် ရည်မှန်း ဆောင်ရွက်နေတယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။ လယ်ယာမြေ ကိစ္စမှာတော့ နိုင်ငံတော်က လုပ်ပိုင်ခွင့်ပေးထားတဲ့ လယ်မြေတွေကို ဥပဒေနဲ့ အညီ သားစဉ် မြေးဆက်တိုင် စိုက်ပျိုး ထုတ်လုပ်နိုင်အောင် အစိုးရ အနေနဲ့ စီမံ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ကမ္ဘာ့နိုင်ငံ အားလုံးနဲ့ ပေါင်းသင်း ဆက်ဆံသွားမှာ ဖြစ်တဲ့ အပြင် မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူဖို့ ကမ်းလှမ်းထားတဲ့ အတိုင်း ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားသွားပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !