ထိပ်ဆုံး သတင်း :
Home » » အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ အား ENC ကြိုဆို

အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ အား ENC ကြိုဆို

8/03/2011 12:05:00 AMတွင်ရေးသည်

aung san suu kyi 0803

တိုင်ရင်းသား လူမျိုးများကောင်စီ-ပြည်ထောင်စုမြန်မာနိုင်ငံ (ENC)က ဒေါ်အောင်ဆန်းစုကြည်၏ ဇူလိုင် ၂၈ အိတ်ဖွင့်ပေးစာကို ကြိုဆိုကြောင်း သြဂုတ် ၁ ရက်နေ့က ကြေငြာချက်ထုတ်ပြန်လိုက်သည်။

ကြေငြာချက်တွင် “မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲနိုင်ရေးအတွက် သော်လည်းကောင်း၊ ပြည်ထောင်စုကြီး၏အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရရှိနိုင်ရေးအတွက် သော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်က တဖက်တလမ်းမှ လုပ်ကိုင် စွမ်းဆောင်နိုင်မည်ဟု ကျနော်တို့တိုင်းရင်းသားလူမျိုးများ အနေဖြင့် ယုံကြည်သည်။” ဟု ဖော်ပြထားသည်။

နောက်ပြီး ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စြဲပီး စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အပါအဝင် လက်တွေ့ကျသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လက်ရှိအစိုးရမှ ဦးဆောင်အကောင်အထည်ဖော်ရန် ကြေငြာချက်တွင် တောင်းဆိုထားသည်။

တွေ့ဆုံဆွေးနွေးဖြင့် ကဏ္ဍ ၃ ခုကို တပြိုင်နက်ဖြေရှင်းသွားရန် လိုအပ်ကြောင်း Ethnic Nationalities Council (Union of Burma) အထွေထွေအတွင်းရေးမှူးချုပ် ဦးရွှေခါး ယခုလို ကချင်သတင်းဌာနသို့ ပြောဆိုသည်။

“ကျွန်တော်တို့မြန်မာနိုင်ငံရဲု့ပြဿနာကို ယူဆတာကတော့ issue ၃ ခုရှိတယ်။ စစ်တပ်ရဲ့အခန်းကဏ္ဍတစ်ခု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးကလည်းတစ်ခု၊ တိုင်းရင်းသားအရေးကလည်းတစ်ခု။ ဆိုတော့ ဒီ issue ၃ ခုကို တပြိုင်နက်ထဲဖြေရှင်းမှပဲ မြန်မာနိုင်ငံမှာတော့ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရမယ်။”

“သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု” ဖြစ်မြောက်နိုင်ရန်အတွက် ၂၀၀၁ ခုနှစ်က စတင်ဖွဲ့စည်းသည့် Ethnic Nationalities Solidarity and Cooperation Committee (ENSCC) ကို ၂၀၀၄ ခုနှစ်တွင် ပြောင်းလဲဖွဲ့စည်းရာမှ ENC ပေါ်ပေါက်လာသည်။

မြန်မာပြည်၏ နိုင်ငံရေးပဋိပက္ခများသည် ဒီမိုကရေစီနှင့် စစ်အာဏာရှင်စနစ်တို့ အားပြိုင်နေခြင်း မျှသာ မ ဟုတ် ဘဲ ပြည်ထောင်စုကြီး၏ အစ ၁၉၄၇ ပင်လုံစာချုပ်ကို အကောင်အထည် မ ဖော်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် မြစ်ဖျားခံသည်ဟု ENC က ခံယူထားသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"