Friday, August 26, 2011

မြန်မာအစိုး-KIA ပစ်ခတ်မှုတွင် အစိုးရပြည်သူ့စစ် တစ်ဦးကျ

kachin army
KIA စစ်သားများ။ ဓါတ်ပုံ-ကချင်သတင်းဌာန
သြဂုတ် ၂၃၊ အင်္ဂါနေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှ ချီဖွေမြို့အသွားလမ်း အင်မောင်ခကျေးရွာတွင် အင်္ဂါနေ့ မနက်ပိုင်း ၄ နာရီခန့်၌ KIAနှင့် မြန်မာအစိုးရစစ်တပ်တို့ ပစ်ခတ်ကြရာ အစိုးရဘက်မှ ဒေသခံ ပြည်သူ့စစ် တစ်ဦး သေဆုံးကြောင်း ထိုဒေသမှ အစိုးရဝန်ထမ်းတစ်ဦးပြောသည်။
“ဂိတ်ကြေးလည်း မတရားတောင်းတယ်။ ဖြတ်သွားဖြတ်လာ ပြည်သူတွေကိုလည်း အတင်းစစ်ဆေးတာတွေ လုပ်တော့ ဒေသခံတွေက မကျေနပ်တော့ဘူးလေ။ ကျတော့်ကိုလည်း စစ်တယ်လေ။” ဟု အစိုးရ၀န်ထမ်းက ပြောသည်။

ဒေသခံများ ယင်းတို့ အတင်းအဓမ္မ စစ်ဆေးနေသည်ကို ဘဝင်မကျလှသဖြင့် KIAအား မကြာခဏ လာရောက် တိုင်ကြားခြင်းကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ဝင်ပစ်ရခြင်း ဖြစ်သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။

အင်မောင်ခကျေးရွာ တံတား ဂိတ်တွေ ဂိတ်ကြေးကောက်ခံနေသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက် ရွှေညောင်ပင် နယ်မြေခံတပ်ရင်း ခမရ (၃၂၁) မှ စစ်သား ၃ ဦးအပြင် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့တို့အား KIAမှ လာရောက် ပစ်ခတ်ခြင်းဖြစ်သည်။

No comments:

Post a Comment