Tuesday, August 30, 2011

ရှမ်းမြောက် KIA တပ်မဟာ ၄ နယ်မြေသို့ မြန်မာအစိုးရတပ် တိုးချ


masat 4 dapba daju
ရှမ်းမြောက် KIA တပ်မဟာ ၄ ဌာနချုပ်အ၀င်တံခါး၊ ဓါတ်ပုံ - ကချင်သတင်းဌာန
ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေသို့ မြန်မာအစိုးရတပ်အင်အား တိုးမြှင့်တပ်ချလာသည်ဟု ဒေသခံများ ပြောသည်။
ယခုအခါ ကွတ်ခိုင်အနီး လွယ်ကန်အခြေစိုက် တပ်မဟာ (၄) ဌာနချုပ်အနီးသို့ အစိုးရသစ္စာခံ ပြည်သူ့စစ်များ ပိုမိုလှုပ်ရှားလာသကဲ့သို့ ကွတ်ခိုင်-မူဆယ် တရုတ်နယ်စပ်ကုန်သွယ်လမ်းမ၏ ဘယ်ညာဘက်တွင် အခြေစိုက်သော KIA တပ်ရင်း(၈)နှင့် တပ်ရင်း(၉) နယ်မြေသို့လည်း အစိုးရစစ်အင်အား တိုးမြှင့်ချထားသည်ဟု ဒေသခံများဆိုသည်။

ကွတ်ခိုင်-မူဆယ် ကားလမ်းလုံခြုံရေးအတွက် ကောင်းခါး အခြေစိုက် မထုနော်ဦးဆောင်သော ကချင်ပြည်သူ့စစ်အဖွဲ့ဝင်များကို တာဝန်ပေးထားသည်ဟု ဆိုသည်။

ယခင် ကချင်ကာကွယ်ရေးအဖွဲ့ (Kachin Defense Army) ကောင်းခါးပြည်သူ့အဖွဲ့မှ စစ်အင်အား ၈၀ ကျော်အား ယင်း ကားလမ်း လုံခြုံရေးအတွက် သြဂုတ် ၂၈၊ တနင်္ဂနွေနေ့က နေရာချထားပြီးပြီ ဖြစ်ကြောင်း KDA နှင့်နီးစပ်သူများပြောသည်။

ဇွန်လကတည်းက ၎င်းမြန်မာပြည်၏အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းမပေါ် မြန်မာအစိုးရတပ်များအား KIA ကခြုံခိုတိုက်ခိုက်မှုများရှိနေသဖြင့် ယခုကဲ့သို့ KDA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လမ်းမ လုံခြုံရေးတာဝန် ပေးခြင်းဖြစ်သည်။

No comments:

Post a Comment