ထိပ်ဆုံး သတင်း :
Home » » ပြည်နယ်အဆင့်နှင့်သာ ဆွေးနွေးလိုခြင်း အပေါ် KIO ဝေဖန်

ပြည်နယ်အဆင့်နှင့်သာ ဆွေးနွေးလိုခြင်း အပေါ် KIO ဝေဖန်

8/18/2011 08:48:00 PMတွင်ရေးသည်


တိုင်းရင်းသား လက်နက်ကိုင်များ အရေးကို ပြည်နယ်အဆင့် အုပ်ချုပ်သူများဖြင့်သာ
ဆွေးနွေးလိုခြင်းမှာ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် မလိုလားဘဲ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်ဆိုင်းရေးကိုလည်း မလိုလားသည့် သဘောဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ တွဲဘက်
အတွင်းရေးမှူး ဦးလနန်က ပြောသည်။

ဗုဒ္ဓဟူးနေ့က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ဗဟိုဌာန၊ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် စီးပွားရေး
နှင့် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံရာတွင် ဦးသိန်းစိန်က လက်နက်ကိုင် အဖွဲ့အစည်းများ
ကို ငြိမ်းချမ်းရေးဆွေးနွေးလိုပါက ပြည်နယ်အစိုးရနှင့် အချိန်မရွေးဆွေးနွေးနိုင်သည်ဟု ပြောဆိုမှုအပေါ် တုံ့ပြန်ခြင်း
ဖြစ်သည်။

အစိုးရက တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်ရေး လုပ်ပြီးနောက် နိုင်ငံရေး စားပွဲပေါ်တွင် ဆွေးနွေးလာ
ပါက ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများလည်း ဝင်ရောက် ပါဝင်လာကာ ၃ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အဆင့်သို့ ရောက်လာမည်ကို စိုးရိမ်နေခြင်းကြောင့် မလိုလားခြင်း ဖြစ်သည်ဟု ဦးလနန်က သုံးသပ်သည်။

"လူနည်းစု တစုကနေပဲ အာဏာကို ချုပ်ကိုင်တဲ့ ထင်သလို ချုပ်ကိုင်ထားတာမျိုးတွေကို လက်လွတ် ဆုံးရှုံးမှုတွေ
ဖြစ်လာနိုင်တယ်လေ။ အဲဒါကြောင့်မလို့ အာဏာလက်လွတ်ဆုံးရှုံးမှု မဖြစ်ပေါ်လာအောင် ပထမ အခြေခံဖြစ်တဲ့ ဒီတိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်ဆိုင်းရေးကို မလုပ်ချင်တာပါ။ တောင်တန်းဒေသ တိုင်းရင်းသားတွေမှာရှိနေတဲ့ အခွင့်အရေးကို သာတူညီမျှ ဆုံးရှုံးနေတာပါ။ ဒါကြောင့် အင်အားစုစည်းပြီးမှ လိုလားတဲ့ အခွင့်အရေးတွေကို နိုင်ငံရေး
ဆွေးနွေးပွဲရောက်သွားဖို့ ဖြစ်လာတဲ့အခါမှာ အစိုးရဘက်က နစ်နာမှုတွေ၊ ပေးဆပ်မှုတွေ အများကြီး ရှိလာမှာကို စိုးရိမ်လို့ပဲ" ဟု သူက မဇ္စျိမကို ပြောသည်။

သူက ဆက်လက်ပြီး "ပြည်နယ် အဆင့်လောက်ပဲ ထားတယ်ဆိုတဲ့ အပိုင်းမှာ နိုင်ငံရေး ဆွေးနွေးမှု မလုပ်ချင်ဘူး
ဆိုတဲ့ အပိုင်းပါပဲ။ ကျနော်တို့က တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်ပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေး
ရေး လမ်းကြောင်းကို ဖော်ဆောင်ပေးဖို့ ဆိုတဲ့ဟာ ပြောထားပေမယ့် အဲဒီတနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်ရေးကို မလုပ်ချင်တဲ့ သဘောပါပဲ။" ဟု ဦးလနန်က ပြောသည်။

အစိုးရက နိုင်ငံရေး ဆွေးနွေးမှု မလိုလားခြင်းကြောင့် ပြည်တွင်းစစ် ပိုမို ကျယ်ပြန့်လာနိုင်သည်ဟု လည်းဆိုသည်။

ဗဟိုအစိုးရက ပြည်နယ် အစိုးရနှင့်သာ ဆွေးနွေးရန်ပြောဆိုခြင်းကို KIO က လက်မခံနိုင်ကြောင်းနှင့် ယခင်
တော်လှန်ရေး စတင်ချိန်ကတည်းက ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုများကို မလိုလားသဖြင့် တော်လှန်ရေး တိုက်ပွဲ
ဝင်ခဲ့ခြင်း ဖြစ်ကာ လက်ရှိ ပြည်နယ်အစိုးရအဖွဲ့သည်လည်း မည်သည့် လုပ်ပိုင်ခွင့်များ မရရှိသဖြင့် နိုင်ငံရေး
ပြဿနာများကို ဗဟိုအစိုးရနှင့်သာ ဖြေရှင်းလိုသည်ဟု KIO က ပြောသည်။

ကချင်၊ ကရင်၊ ချင်း၊ ရှမ်း၊ မွန် စသည့် လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်သော KIO က တနိုင်ငံလုံး အတိုင်းအတာ ယာယီအပစ်အခတ်ရပ်ရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးသွားရန် ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်
နေ့က KIO က အစိုးရထံ တင်ပြထားခြင်း ဖြစ်သည်။

"တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် ဆိုသလိုပါပဲ။ ကျနော်တို့ အစိုးရသစ် တက်လာတဲ့ မကြာခင်မှာပဲ ကချင်
ပြည်နယ်မှာ KIO, KIA အဖွဲ့တွေနဲ့ ပြဿနာဖြစ်ခဲ့ရပါတယ်။ ဒါကိုလည်း တက်ရောက်လာကြတဲ့ လူတွေအားလုံး အသိပဲဖြစ်ပါတယ်။ အမှန်ကတော့ ဒီအဖွဲ့ဟာ ကချင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့အဖွဲ့ မဟုတ်ပါဘူး။ ကချင်ပြည်နယ်မှာ နိုင်ငံတော်ရဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ဖျက်လိုဖျက်ဆီးလုပ်ရာကနေ ပြီးတော့မှ ဒီပြဿနာ စတင်ပြီး ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်" သမ္မတ ဦးသိန်းစိန်က ဝေဖန်ပြောဆိုသည်။

"ကျနော်တို့ ကေအိုင်အို ကေအိုင်အေ အဖွဲ့တင် မဟုတ်ပါဘူး။ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာလည်း အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အချို့ ရှိနေပါတယ်။ အဲဒီတော့ ဒီလက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း ငြိမ်းချမ်းရေးကို ရယူလိုတဲ့ ဆန္ဒရှိတယ်ဆိုရင် သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့နဲ့ အချိန်မရွေး ဆွေးနွေးနိုင်ပါတယ်။ အဲဒီတော့ ဒီကိစ္စကို ကျနော်တို့ လမ်းဖွင့်ပေးထားပြီး ဖြစ်ပါတယ်"ဟုလည်း ဆက်ပြောသည်။



မြန်မာအစိုးရဘက်က KIO မှ တောင်းဆိုထားသည့် တနိုင်ငံလုံးအပစ်အခတ် ရပ်ရေးကို မလိုလားခြင်းနှင့် လက်နက် မချပါက  ခြေမှုန်းမည်ဟု သမ္မတ ဦးသိန်းစိန်က အတိအလင်း ကြေငြာလိုက်ခြင်း ဖြစ်သည်ဟု မြန်မာ့အရေးလေ့လာ
သူ ဦးဌေးအောင်က ပြောသည်။

"တချက်ခုတ် နှစ်ချက်ပြတ် အတိအကျ ပြောဆိုလိုက်တဲ့ သဘောဘဲ။ ဗဟိုအနေနဲ့ ဆွေးနွေးမှာ မဟုတ်ဘူး။ သူတို့ ကတော့ အခြေခံ ဥပဒေကို ကိုင်ထားမယ်။ အဲဒါတွေကို ဆွေးနွေးချင် ဆွေးနွေး မဆွေးနွေးရင် ချေမှုန်းမယ် ဆိုတဲ့ သဘောမျိုး ပြောလိုက်တယ်လို့ပဲ ကျနော်က ထင်တယ်"ဟုပြောသည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ယခုလ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော KIO
နှင့် နဝတ အစိုးရနှင့် အပစ်အခတ်ရပ်ရေး သဘောတူညီချက် ၈ ချက်နှင့် လက်ရှိ KIO လက်ခံထားသော သဘော တူညီချက်များ မတူသဖြင့် အစိုးရက တရားဝင် ထုတ်ပြန်ကြေငြာပေးရန် ပြည်နယ် အစိုးရအဖွဲ့ကို လိပ်မူ၍ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် နယ်စပ် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ဦးသန်းအောင်ထံ အီးမေလ်းဖြင့် ယမန်နေ့ ဗုဒ္ဓဟူးနေ့က စာတစောင် ပေးပို့ခဲ့သည်။

၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရေးအတွက် လက်နက်ကိုင်
တော်လှန်ခဲ့ရာမှ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် နဝတ အစိုးရနှင့် အပစ်အခတ်ရပ်ရေး လက်မှတ်
ရေးထိုးခဲ့သည်။

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"