Monday, August 22, 2011

VOA Burmese E-mail News တနင်္လာ, 22 သြဂုတ် 2011

VOANews.com Logo

တနင်္လာ, 22 သြဂုတ် 2011



ထိပ်တန်းသတင်း

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

မစ္စတာ ကင်တားနား ဒီကနေ့မနက် ရန်ကုန်ကိုရောက်ပြီး ညနေပိုင်းမှာတော့ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
United Nations envoy Tomas Ojea Quintana speaks to journalists at Yangon international airport in Yangon, Burma (File Photo)

လစ်ဗျားမြို့တော် နေရာအများအပြား သူပုန်သိမ်းပိုက်

လစ်ဗျားနိုင်ငံမှာ လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေကြသူတွေဟာ ထရီပိုလီ မြို့လယ်မှာရှိတဲ့ အစိမ်းရောင် ရင်ပြင်အထိ အခု ရောက်နေကြပါပြီ။
Libyan rebel fighters ride through the town of Maia

ဗီယက်နမ် အမျိုးသမီးတွေ တရုတ်နိုင်ငံမှာ ဇနီးအဖြစ် ရောင်းစားခံရ

တရုတ်နိုင်ငံမှာ ဗီယက်နမ် အမျိုးသမီး ၁၀၀ လောက် ပြန်ပေးဆွဲခံရတယ်လို့ မသင်္ကာတဲ့ အမှုကို ရဲက စုံစမ်းနေကြာင်း တရုတ်အစိုးရ သတင်းက ပြောပါတယ်။

စီးပွားဖွံ့ဖြိုးရေးအတွက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုအပ်

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲက နောက်ထပ်ဆွေးနွေးပွဲတွေ ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လစ်ဗျားသူပုန်တွေ မြို့တော်သိမ်းဖို့ ကြိုးပမ်း

လစ်ဗျား အတိုက်အခံ တပ်ဖွဲ့တွေဟာ ထရီပိုလီမြို့တော်နဲ့ ၁၈ မိုင်အကွာမှာ ဂဒါဖီရဲ့ တပ်ဖွဲ့တွေနဲ့ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားနေကြပါတယ်။
People celebrate the recent news of uprising in Tripoli against Moammar Gadhafi's regime at the rebel-held town of Benghazi, Libya, early Sunday, Aug. 21, 2011

လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် စတင်

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားနှစ်ဦးကို ထောင်ဒဏ် ၈ နှစ်စီ အီရန်ချမှတ်

အီရန်နိုင်ငံမှာဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား ၂ ယောက်ကို သူလျှိုလုပ်မှုနဲ့ အီရန်အာဏာပိုင်တွေက ထောင်ဒဏ်အပြစ်ပေးခဲ့ပါတယ်။

စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ဒေါ်စု တက်ရောက်

နေပြည်တော်ကို ၂ ရက်ကြာသွားခဲ့တဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဟာ စီးပွားရေးနဲ့ဖွံ့ဖြိုးမှုဆိုင်ရာ ဆွေးနွေးပွဲကို ခဏတက်ရောက်ခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကိုသွားရောက်ခဲ့စဉ် (သြဂုတ်လ ၂၀၊ ၂၀၁၁)

အစ္စရေးဆိုင်ရာသံအမတ်ကြီးကို အီဂျစ်က ပြန်လည်ခေါ်ယူ

အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် အီဂျစ်လုံခြုံရေးအရာရှိ ၅ ဦး သေဆုံးခဲ့ရတာကြောင့် အစ္စရေးမြို့တော်က အီဂျစ်သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။
Egyptian protesters shout anti-Israeli slogans in front of military vehicle near the Israeli embassy in Cairo, August 20, 2011, as they protest the deaths of Egyptian security forces killed in a shootout between Israeli soldiers and Palestinian militants

ဒေါ်စု သမ္မတဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ဟာ ဒီကနေ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (သြဂုတ်လ ၁၂၊ ၂၀၁၁)
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=F80C8D522E2A100508D17C85C47ECF113D278EC935032FEF">Unsubscribe</a>
Voice of America | 330 Independence Avenue, SW, Washington DC 20237

No comments:

Post a Comment