ဗုဒ္ဓဟူး, 24 သြဂုတ် 2011
ထိပ်တန်းသတင်း | |
တိုးတက်တဲ့ နိုင်ငံရေးဖြစ်စဉ်တချို့ တွေ့ရပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ လိုနေသေးတယ်လို့ မစ္စတာ ကင်တားနားက ပြောလိုက်ပါတယ်။ | |
မစ္စတာ ကင်တားနား မြန်မာနိုင်ငံ ရောက်နေချိန်နဲ့ ကိုက်ပြီး တွံတေးမြို့က ကျူရှင်ဆရာ ဦးအောင်ဖေဟာ အကျဉ်းသားဝတ်စုံ ၀တ်ဆင်ပြီး ဆန္ဒပြခဲ့ပါတယ်။ | |
အမျိုးသားလွှတ်တော် အစည်းအဝေးတွေမှာ ပြည်တွင်းပြည်ပ သတင်းထောက်တွေ သတင်းယူခွင့်ရှိတယ် ဆိုပေမဲ့ အကန့်အသတ်တွေကတော့ ရှိနေဆဲလို့ ဆိုပါတယ်။ | |
နေတိုးရဲ့ လစ်ဗျားနိုင်ငံဆိုင်ရာ တာဝန်တွေဟာ မပြီးဆုံးသေးဘူးလို့ နေတိုး မဟာမိတ် တပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ | |
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတဲ့အပေါ် ကျေနပ် အားရမိတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။ | |
ဂဒါဖီအပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေက တော်လှန်ရေး သူပုန်တပ်ဖွဲ့တွေကို မြို့တော် ထရီပိုလီက နေရာတချို့မှာ ခုခံ တိုက်ခိုက်နေကြတုန်း ဖြစ်ပါတယ်။ | |
IMF အကြီးအကဲဟောင်း ဒိုမိနစ် စထရော့စ်ခန်းအပေါ် တင်ထားတဲ့ စွဲချက်တွေကို ရုပ်သိမ်းပေးဖို့ အမှုလိုက် အရာရှိတွေက လျှောက်ထားလိုက်ပါတယ်။ | |
သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ အဖွဲ့အစည်းတွေ လက်ခံလာအောင် ကြိုးစားနေပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ | |
ပြည်သူလူထု အကျိုးစီးပွားအတွက် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်နဲ့ ဆက်လက် လက်တွဲ လုပ်ဆောင်သွားမယ်လို့ NLD ပါတီက ပြောလိုက်ပါတယ်။ | |
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးသူ တောမတ်စ် အိုဟေး ကင်တားနား နေပြည်တော်မှာ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ | |
ဆက်ရန် | |
သတင်း |
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင် |
သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com |
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !