Thursday, September 01, 2011

ထိုင်းနိုင်ငံတဝှမ်း လောင်စာဆီဈေးကျ

မိလယီထော –ထိုင်းအစိုးရသစ်စီပွားရေးပေါ်လစီ အရ လောင်စာဆီဈေးနှုန်းများ တစ်လီတာလျှင် ထိုင်းငွေ ၇ ဘတ်ကျော်ဈေးနှုန်းကျဆင်းခဲ့သည်ကို ယခုသီတင်းပတ်တွင် စတင်တွေ့ရှိရသည်။
လူအများသုံးစွဲကြသည့် ULG 95 RON ဓါတ်ဆီမှာ တစ်လီတာ ၄၈ ဘတ်မှ ယနေ့တွင် ၄၀ ဘတ်သို့လျော့ကျ လာသည်ကို တွေ့ရှိနေရသည်။
gasoline__station
ထိုင်းနိုင်ငံရှိ ဓာတ်ဆီဆိုင်တဆိုင်

ထို့အတူ ဒီဇယ်ဈေးနှုန်းသည်လည်း ယခင်တစ်လီတာ ၃၁ ဘတ်မှ ယနေ့တွင် ၂၇ ဘတ်သို့ ကျဆင်းလာသည်။

ထိုင်းနိုင်ငံတဝှမ်း လောင်စာဆီများ ဖြန့်ဝေရောင်းချလျှက်ရှိသည့် ဆိုင်ပေါင်း ၁၇ သိန်းခန့်ကို ၇ လကြာ သုတသနလေ့လာတွေ့ရှိချက်အရ ယခုလောင်စာဆီဈေးနှုန်းလျှော့ကျစေရေးအတွက် ထိုင်းအစိုးရသည် ဘဏ္ဍာငွေ ဘတ် ၃ ထောင်ဘီလီယံခန့် စိုက်ထုတ်ပေးရမည်ဟု ထိုင်းသတင်းများတွင် ဖေါ်ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့တွင် ထိုင်းရွေးကောက်ပွဲမတိုင်မီ ဝန်ကြီးချုပ်သစ် ယင်လဘ်ရှင်ထရာဝါတ်၏ ကတိစကားများအတိုင်း ထိုင်းနိုင်ငံအတွင်း ကုန်ဈေးနှုန်းကျဆင်းရေးအတွက်သူမအစိုးရ၏ပဏာမဆောင် ရွက်ချက်တစ်ခုဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဝေဖန်ပြောကြားသည်။

သို့သော်လည်း အများစားသုံးကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ သားငါးများ ဈေးနှုန်းများသိသိသာသာ ကျဆင်းမှုမရှိသေးကြောင်း သိရသည်။

ယခုထိုင်းအစိုးရ၏ လောင်စာဆီဈေးလျှောချသည့်လက်ရှိစီမံကိန်းသည် တစ်နှစ်ကာလထက်မပိုဟုထိုင်း သတင်းဌာနများဖေါ်ပြချက်အရသိရပြီး အနာဂတ်တွင်ကမ္ဘာ့လောင်စာဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်၍ ဈေးနှုန်းသစ်ပြန်လည်သတ်မှတ်မည်ဟု ထိုင်းမီဒီယာများတွင် ဝေဖန်ပြောဆိုနေကြသည်။

No comments:

Post a Comment