ထိပ်ဆုံး သတင်း :
Home » » ကချင်ကျေးရွာတွေ အဓမ္မ ရွှေ့ပြောင်းခံရ

ကချင်ကျေးရွာတွေ အဓမ္မ ရွှေ့ပြောင်းခံရ

9/03/2011 11:47:00 PMတွင်ရေးသည်


Map: RFAကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ အတွင်းက ကျေးရွာ ၂ ရွာကို မြန်မာအစိုးရတပ် ထိန်းချုပ်ရာနယ်မြေ အတွင်းက ကားလမ်းအနီးကို စုစည်းကျေးရွာတွေ အဖြစ် ဒီကနေ့ အဓမ္မရွှေ့ပြောင်းလိုက်ကြောင်း KIA တပ်မှူးတဦးက ပြောပါတယ်။
မြန်မာနိုင်ငံ၏ မြောက်ဖက်ဆုံးတွင် တည်ရှိသော ကချင်ပြည်နယ်သည် အင်အားကြီး အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပါသည်။ (Map: RFA)
ပြောင်းရွှေ့လိုက်တဲ့ ကျေးရွာတွေဟာ သြဂုတ်လ ၃၁ ရက်နေ့က မြန်မာအစိုးရ စစ်ယာဉ်တန်းကို KIA တပ်မဟာ (၄) တပ်ဖွဲ့တွေ ခြုံခို တိုက်ခိုက်ခဲ့တဲ့ နေရာနဲ့ သိပ်မဝေးတဲ့ နေရာမှာ တည်ရှိခဲ့တဲ့ရွာတွေ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးဇော်ရော်က ပြောပါတယ်။

၁၉၉၄ အပစ်အခတ် ရပ်စဲထားတဲ့ကာလ မတိုင်ခင်ကလည်း အဲဒီလို ဖြတ် ၄ ဖြတ်စနစ်ကို ကျင့်သုံးခဲ့ပြီး လူထုနဲ့ အဆက်အသွယ်ပြတ်အောင် လုပ်ဆောင်ခဲ့တာ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇွန်လကစလို့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားပြီးနောက်ပိုင်း အခုတခါ ဒီစနစ်ကို ပြန်ကျင့်သုံးလာတာလို့ ဗိုလ်မှူးကြီး ဇော်ရော် က ပြောပါတယ်။

KIA ကချင်လွတ်မြောက်ရေးအဖွဲ့ဟာ မြန်မာအစိုးရနဲ့ တဖွဲ့ချင်း အပစ်အခတ်ရပ်စဲမှာ မဟုတ်ဘဲ သူတို့ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကောင်စီ UNFC အနေနဲ့သာ ဆွေးနွေးမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် UNFC အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို မြန်မာ ပြည်ထောင်စု အစိုးရနဲ့သာ တိုက်ရိုက် ဆွေးနွေးမှာဖြစ်ပြီး ပြည်နယ်အစိုးရနဲ့ ဆွေးနွေးမှာမဟုတ်ကြောင်း ကြေညာထားပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"