Friday, September 30, 2011

တက္ကသိုလ် ကျောင်းဆောင်တွေ ပြန်ဖွင့်ပေးဖို့ အစီအစဉ်မရှိ

မြန်မာနိုင်ငံမှာ ပိတ်ထားဆဲဖြစ်တဲ့ တက္ကသိုလ် ကျောင်းဆောင်တွေကို ဖွင့်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ပညာရေးဝန်ကြီးက အမျိုးသား လွှတ်တော်မှာ မနေ့က ပြောကြားခဲ့တယ်လို့သိရပါတယ်။
(Photo: AFP)
ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝတွင် ဝတ်စုံပြာ လုံခြုံရေး ဝန်ထမ်းများ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အမတ်ဖြစ်သူ ဒေါက်တာမြတ်ဥာဏစိုး က တက္ကသိုလ် ကျောင်းဆောင်တွေကို ပိတ်ထားမယ့် အစား အကျိုးရှိအောင် ကျောင်းသားတွေကို ပြန်လည် နေထိုင်ခွင့်ပေးဖို့ အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ရာမှာ ပညာရေးဝန်ကြီးက ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောဆိုခဲ့ကြောင်း၊ သူ ကျောင်းသားဘ၀က အဆောင်တွေကို ကွန်မြူနစ်တွေ လာစည်းရုံးပြီး ကျောင်းသားတွေ ဆူပူအောင် လုပ်ကြောင်း၊ လုံခြုံရေးက လာတော့ ကျောင်းသားတွေသာ ခံရပြီး ကွန်မြူနစ်တွေ မရှိတော့ကြောင်း၊ အခုလည်း ကျောင်းဆောင်တွေထားရင် သူတို့အတွက် အသင့်ဖြစ်သွားမှာ ဖြစ်လို့ အဆောင်တွေ ပိတ်ထားတာ အကောင်းဆုံးလို့ ပြောသွားတဲ့ အကြောင်း အမျိုးသား ဒီမိုကရေစီသစ်ပါတီ လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။ ဒါ့အပြင် ပညာရေး ၀န်ကြီးက တချို့ တက္ကသိုလ်တွေမှာ အဆောင်ထားပေးပြီး၊ တချို့ကို မပေးနိုင်ရင် မမျှတရာရောက်မှာ ဖြစ်ကြောင်း၊ မဟာသိပ္ပံနဲ့ မဟာဝိဇ္ဖာတန်း ဘာသာရပ်တွေနဲ့ တက္ကသိုလ်ဆရာတွေ အတွက်ပဲ ကျောင်းဆောင်တွေ ထားပေးနိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ အဆောင်ထားတဲ့ စနစ်မရှိဘူးလို့ ပညာရေးဝန်ကြီးက ဖြေဆိုသွားတဲ့အကြောင်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

No comments:

Post a Comment