မြန်မာက အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပတဲ့ အသက် (၁၉) နှစ်အောက် အာဆီယံ လူငယ် ဘောလုံးပြိုင်ပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ သွားရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။
AFP
မြန်မာက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည့် အသက် (၁၉) နှစ်အောက် အာဆီယံလူငယ် ဘောလုံးပြိုင်ပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ပြီးခဲ့တဲ့လ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စီးပွါးရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ဖိတ်ကြားတာကြောင့် အခုလို သွားရောက် အားပေးတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က RFA ကို ပြောပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းမှာ မြန်မာ လက်ရွေးစင်အသင်းနဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင် ကစားကြရာမှာ အိမ်ရှင် မြန်မာအသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ ဦးခွန်သာမြင့်ကို ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !