ထိပ်ဆုံး သတင်း :
Home » » နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ပေါင်း တစ်သိန်းကျော်ရရှိ

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ပေါင်း တစ်သိန်းကျော်ရရှိ

9/26/2011 12:03:00 PMတွင်ရေးသည်

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က စတင် လှုပ်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ လက်မှတ်ပေါင်း တစ်သိန်းကျော် ကောက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
Photo: AAPP
အကျဉ်းသားမိသားစုဝင်များ အင်းစိန်ထောင်ဗူးဝ၌ စောင့်ဆိုင်းနေကြစဉ် ယခင် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AAPP)
ဒီလက်မှတ်တွေကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို လိပ်မူပြီး ဒီကနေ့ ပေးပို့မယ်လို့ ဦးဆောင် စီစဉ်သူ တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဖြိုးမင်းသိန်းက အာအက်ဖ်အေကို ပြောပါတယ်။ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဟာ ပထမအဆင့် ဖြစ်တာကြောင့် အစိုးရ အနေနဲ့ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို နိုင်ငံ အနှံ့အပြားမှာ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ ဒီလှုပ်ရှားမှုကို ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအ၀င်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပူးပေါင်း ဆောင်ရွက် အကောင်အထည် ဖေါ်ခဲ့တာ ဖြစ်ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"