မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အာစီယံ အလှည့်ကျ ဥက္ကဌတာဝန် ပေးမပေး ဆိုတာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ သဘောထားကို ခံယူပြီး ဆုံးဖြတ်မယ့် အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။
စစ်တပ်ကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေ အမှန်တကယ် ဖော်ဆောင်နေပြီလား ဆိုတာကို အာစီယံအဖွဲ့က အကဲဖြတ် သုံးသပ်နေကြောင်းနဲ့ သူ့အနေနဲ့ လာမယ့် အောက်တိုဘာလမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Natalegawa က အေပီ သတင်းဌာနကို ပြောပါတယ်။ မြန်မာအစိုးရဟာ အာစီယံ အလှည့်ကျ ဥက္ကဌ တာဝန်ကို ရယူဖို့ အလွန်အမင်း ဆန္ဒပြင်းပြနေ တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထား၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကိုယ်တိုင်ကိုယ်ကျ ကြားသိရဖို့ အထူးမျှော်လင့် နေတဲ့အကြောင်းလည်း Mr. Natalegawa က ပြောဆိုလိုက်ပါတယ်။
No comments:
Post a Comment