Tuesday, September 13, 2011

ဒေါ်​အောင်ဆန်း​စုကြည်ကို ပြည်တွင်း​ပြည်ပ မီဒီယာများ​ ​တွေ့​ဆုံ

http://burmese.dvb.no/wp-content/uploads/2011/09/assk2.jpg
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပြည်တွင်း​ပြည်ပ မီဒီယာသမား​တွေကို အဖွဲ့​ချုပ်ရုံး​ချုပ်မှာ ဒီ​နေ့​ လက်ခံ​တွေ့​ဆုံပါတယ်။
အေအက်ဖ်ပီသတင်း ​ထောက်၊​ ဗွီအို​အေ မြန်မာပိုင်း​ဌာနက ​ဒေါ်ခင်စိုး​ဝင်း​၊​ ရန်ကုန်မီဒီယာဂရု(ပ်)၊​ လျှပ်တပြက်၊​ ​မော်နီတာ၊​ မြန်မာနယူး​စ်ဝိ၊​ ဆဲဗင်း​ဒေး​ စတဲ့​ဂျာနယ်တိုက်​တွေက အယ်ဒီတာအဖွဲ့​တို့​ကို လက်ခံ​တွေ့​ဆုံတာလို့​ အဖွဲ့​ချုပ်ပြန်ကြား​ရေး​တာဝန်ခံ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။
ဒေါ်​အောင်ဆန်း ​စုကြည်နဲ့​ ပတ်သက်တဲ့​ သတင်း​၊​ ​တွေ့​ဆုံ​မေး​မြန်း​ချက်​တွေကို ပြည်တွင်း​ဂျာနယ်​တွေမှာ ​ဖော်ပြတာကို စာ​ပေစိစစ်​ရေး​က ခွင့်​ပြုလာတဲ့​အပြင် ​ဒေါ် ​အောင်ဆန်း​စုကြည် ​နေအိမ်အကျယ်ချုပ်က လွတ်​မြောက်ခါစက ​တွေ့​ဆုံ​မေး​မြန်း​ချက် ​တွေကိုလည်း​ ​ဖော်ပြခွင့်​မပြုခဲ့​ရာက ပြန်ခွင့်​ပြုလို့​ ဂျာနယ်​တွေမှာ ​ဖော်ပြလာပါတယ်။ ဒီ အချိန်မှာ ဂျာနယ်​တွေရဲ့​ ​မေတ္တာရပ်ခံချက်​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်က ခုလို လက်ခံ​တွေ့​ဆုံတာလို့​ ဦး​အုန်း​ကြိုင်က ရှင်း​ပြပါတယ်။
“​ပြောင်း​ လဲလာတဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေ​တွေ​ပေါ်မှာ စိတ်ဝင်စား​ကြမှာ​ပေါ့​။ အဲဒါ​တွေကို ​မေး​မြန်း​ဖို့​ တချို့​လည်း​ ​တွေ့​ခွင့်​တောင်း​ကြတယ်။ ​တွေ့​ခွင့်​တောင်း​တော့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ကလည်း​ လုပ်ငန်း​တာဝန်​တွေ များ​နေ​တော့​ မ​တွေ့​နိုင်ဘူး​ပေါ့​။ ဒီ​နေ့​တော့​ ရုံး​မှာ အဲဒီလို​တောင်း​ဆိုထား​တဲ့​ အဖွဲ့​တွေကို တ​နေ့​တည်း​နဲ့​ အပြတ်​တွေ့​လိုက်တဲ့​သ​ဘောပါပဲ။”
ဒေါ်​အောင်ဆန်း ​စုကြည်က ပြည်တွင်း​ပြည်ပမီဒီယာ​တွေကို မနက် ၁၀ နာရီက​နေ ည​နေ ၃ နာရီအထိ တဖွဲ့​ချင်း​ သီး​ခြား​စီ ​တွေ့​ဆုံတာဖြစ်ပါတယ်။
ရန်ကုန်တိုင်း ​နဲ့​ ဖလား​ဝါး​နယူး​ဂျာနယ် အယ်ဒီတာချုပ် ဦး​ကိုကို၊​ ကိုကို (စက်မှုတက္ကသိုလ်) က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သီး​ခြား​မေး​မြန်း​ခွင့်​ရသမျှကို အကျဉ်း​ချုပ် ​ပြောပြပါတယ်။
“အဓိက ​မေး​မြန်း​တာ​တော့​ အများ​ကြီး​ပါပဲ။ အ​သေး​စိတ်က​တော့​ သိပ်မကြာခင် မှာပဲ အင်တာနက် ဝက်ဆိုက်က​နေ တင်​ပေး​ပါမယ်။ အခု ပြန်နား​ထောင်​နေတဲ့​အဆင့်​ပဲ ရှိတယ်။ ​ပြောတာက​တော့​ လက်ရှိနိုင်ငံ​ရေး​ ဖြစ်​ပေါ်တိုး​တက်မှုအ​ပေါ်မှာ လက်ရှိသွား​ ​နေတဲ့​ ဒိုင်ယာ​လော့​အ​ပေါ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ ​ကျေနပ်မှုရှိတယ်၊​ အား​ရမှုရှိတယ်၊​ ပိုမိုမြန်ဆန်လာတာ ​တွေ့​တယ်၊​ စသည်ဖြင့်​ပြောတယ်။”

No comments:

Post a Comment