Wednesday, September 28, 2011

KIA တပ်မဟာ ၄ ဌာနချုပ်ကို မြန်မာစစ်တပ်မှ သိမ်းပိုက်

kia-ba-4
မြန်မာစစ်တပ် လက်အာက်ကျသွားသော KIA တပ်မဟာ ၄၊ လွယ်ကန်
ရှမ်းပြည်မြောက်ပိုင်း လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ ဌာနချုပ်အား မြန်မာအစိုးရတပ်က ယနေ့ စက်တင်ဘာလ ၂၇ ရက် အင်္ဂါနေ့ ညနေ ၄ နာရီခွဲတွင် သိမ်းပိုက်လိုက်သည်ဟု ယင်းဒေသမှ KIA အရာရှိများ ပြောသည်။
KIA တပ်မဟာ ၄ မှ တပ်ရင်း ၂၉ နောက်ဆုံး ဆုတ်ခွာပေးပြီးနောက် အစိုးရစစ်တပ်များ တပ်မဟာ ၄ ဌာနချုပ်ကို ခုခံခြင်းမရှိ ၀င်ရောက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု KIA အရာရှိများဆိုသည်။

စက်တင်ဘာ ၂၄ ရက်မှ စကာ ၄ ရက်ကြာ ထိုးစစ်ဆင်လာချိန် မြန်မာအစိုးရတပ်က KIA တပ်မဟာ ၄ အောက် တပ်ရင်း ၉ နှင့် တပ်ရင်း ၂ အခြေစိုက်စခန်းများကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။

No comments:

Post a Comment