မြန်မာစစ်တပ်၏ စစ်ထောက်လမ်းရေး စစ်ဖက်ရေးရာလုံခြုံအဖွဲ့(စရဖ)၀င် တဦးသည် စက်တင်ဘာ ၃၀၊ ယနေ့ သောကြာနေ့ မွန်းလွဲ ၃ ကျော်တွင် ဖြစ်ပွားသော KIA ၏ပစ်ခတ်မှုတခုတွင် သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများ ပြောသည်။သူသည် ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ်၊ နမ်ဆန်ယန် ကျေးရွာရှိ စရဖ ရုံးအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သားများ ၀င်ရောက်ပစ်ခတ်မှုတွင် သေဆုံးခြင်းဖြစ်သည်ဟု ရွာသားများပြောသည်။
ပစ်ခတ်မှုနှင့် စရဖ အဖွဲ့ဝင် ကျဆုံးခဲ့ခြင်းကို KIA ဗဟိုဌာနချုပ် လိုင်ဇာမှ စစ်အရာရှိများလည်း ကချင်သတင်း ဌာန သို့ အတည်ပြုသည်။
နမ်ဆန်ယန် ကျေးရွာ (Nam San Yang) သည် မြစ်ကြီးနား-မန်မော် (ဗန်းမော်) ကားလမ်းမတွင်ရှိပြီး KIO မြို့တော် လိုင်ဇာနှင့်လည်း အနည်းငယ်နီးကပ်ပါသည်။













0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !