ထိပ်ဆုံး သတင်း :
Home » » KIA ကို မြန်မာစစ်တပ်မှ ကချင်ပြည်နယ်တွင်လည်း ထိုးစစ် စတင်လာ

KIA ကို မြန်မာစစ်တပ်မှ ကချင်ပြည်နယ်တွင်လည်း ထိုးစစ် စတင်လာ

9/28/2011 07:04:00 PMတွင်ရေးသည်


shadanpaကချင်ပြည်နယ် တောင်ဘက် ရှဒန်ပါ(Shadan Pa)တွင် စက်တင်ဘာ၂၇၊ အင်္ဂါနေ့ ညနေပိုင်းတွင် မြစ်ကြီးနားဘက်မှ မြန်မာအစိုးရစစ်အင်အား ၃၀၀ နီးပါး စစ်ကြောင်းထိုး ၀င်ရောက်လာနေကြောင်း KIA အရာရှိများပြောသည်။

အစိုးရစစ်ကြောင်းများသည် ဧရာဝတီ (ကချင်လို မလိခမြစ်) ရေလမ်းကြောင်းအတိုင်း အမြန် စက်လှေ ၁၀ စီး နှင့်ရောက်ရှိလာသည်ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ စစ်ဖက်အရာရှိများဆိုသည်။

ရှဒန်ပါ (Shadan Pa) သည် ကချင်ပြည်နယ်တွင် အကြီးဆုံး တရုတ် ငှက်ပျောခြံ တည်ရှိပြီး လိုင်ဇာမှ အနောက်ဘက် ၁၅ မိုင်အကွာတွင် ရှိသည်။

အစိုးရတပ်ထိုးစစ်ကြောင့် ယင်းပတ်ဝန်းကျင်ရှိဒေသခံများသည် KIA ဗဟိုဌာနချုပ် လိုင်ဇာမြိ့သို့ ထွက်ပြေးလာနေကြောင်း စစ်ပြေးများပြောသည်။

ယခု ရှဒန်ပါ(Shadan Pa)သို့ ၀င်ရောက်နေသည့် မြန်မာစစ်ကြောင်းသည် KIA ဗဟိုဌာနချုပ်ကို ထိုးစစ်ဆင်မည်ဟု KIA စစ်ဖက်အရာရှိများ ဆိုသည်။

မြန်မာစစ်တပ်သည် ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်မဟာ ၄ အား စက်တင်ဘာ ၂၄ မှစကာ စစ်အင်အား ၁၀၀၀ ကျော်ဖြင့် “မုန်တိုင်း ထိုးစစ်” စတင်ခဲ့ပြီး နောက် ယခု ကချင်ပြည်နယ်ဘက်ကို စတင်လာသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"