ထိပ်ဆုံး သတင်း :
Home » » မုန်းကို KIA တိုက်ခိုက်မှုတွင် မြန်မာစစ်သား ၄ ဦးကျ၊ ၅ ဦး ဒဏ်ရာရ

မုန်းကို KIA တိုက်ခိုက်မှုတွင် မြန်မာစစ်သား ၄ ဦးကျ၊ ၅ ဦး ဒဏ်ရာရ

9/30/2011 11:36:00 PMတွင်ရေးသည်


border-kyukok-myenရှမ်းပြည်မြောက်ပိုင်း မူဆယ်မှ မုန်းကိုဒေသသို့ ဦးတည်လာသော မြန်မာအစိုးရစစ်ကား (၃)စီးအား လမ်းခုလတ်တွင် KIAမှ စက်တင်ဘာ ၃၀၊ သောကြာနေ့ ၁ နာရီကျော်တွင် တိုက်ခိုက်ခဲ့ရာ မြန်မာစစ်သား (၄) ဦး ကျကာ (၅) ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများပြောသည်။

ယခု တိုက်ခိုက်မှုသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ မုန်းကိုဒေသတွင် ဒုတိယအကြိမ် တိုက်ခိုက်ခြင်းလည်းဖြစ်သည်။

ယင်းပစ်ခတ်မှုသည် နမ့်ဆူနှင့် နော်ဂိုကြား (ပန်ဆိုင်းနှင့် မုန်းကို ကြား) တွင်ဖြစ်ပြီး တိုက်ခိုက်မှုကို မုန်းကို အခြေစိုက် KIA တပ်ရင်း ၃၆ နှင့် ၃၈ တို့ ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာ KIA အရာရှိများပြောသည်။

ဒဏ်ရာရရှိသူများတွင် ၂ ဦးအား မုန်းကို (Mungu) ဆေးရုံသို့ ပို့ထားကြောင်း ဒေသခံများပြောသည်။

မြန်မာစစ်ကားအား အချိန်တို စောင့်ကြိုပစ်ခတ်မှုအတွင်း KIA ဘက်မှ ဒဏ်ရာရ သေဆုံးသူ မရှိကြောင်း KIA မုန်းကိုတပ် အရာရှိတစ်ဦးကပြောသည်။

ပထမဆုံး မြန်မာစစ်တပ်အား မုန်းကိုတွင် KIA မှ တိုက်ခိုက်မှုအား ယခုလ စက်တင်ဘာ ၁၈ ရက်တွင်ပြုလုပ်ခဲ့ရာ အစိုးရစစ်သား (၇) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရခဲ့သည်။

စက်တင်ဘာ ၂၄ မှ စကာ မြန်မာစစ်တပ်က ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်များအား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ရာ နှစ်ဖက်စစ်ပွဲများ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံနှင့် မူဆယ် ဒေသများသို့ ကျယ်ပြန့်လာနေပါသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"