
KIO လိုင်ဇာအ၀င်ပေါက် လဂျားယန် မြန်မာစစ်တပ် ဂိတ်။
စက်တင်ဘာလ (၂၆) ရက် တနင်္လာနေ့က KIO အရပ်ဘက်အုပ်ချုပ်ရေးဌာနမှ အရာရှိတဦးနှင့် တပ်သား ၂ ဦးတို့ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် အစိုးရဂိတ် ဖြတ်ရန် ကြိုးပမ်းစဉ် ပစ်ခတ် ခံလိုက်ရခြင်းဖြစ်သည်။
အပစ်ခံရသူ အားလုံး ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း တပ်သားတစ်ဦးမှာ ၀မ်းဗိုက်တွင် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကာ KIO ဗဟိုဌာနချုပ် လိုင်ဇာဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူခဲ့သေးသည်။
လဂျားယန်ဂိတ်သည် မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်တွင်ရှိပြီး KIO ဗဟိုဌာနချုပ် လိုင်ဇာနှင့်လည်း (၄) မိုင်အကွာတွင် ရှိသည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !