ထိပ်ဆုံး သတင်း :

9/14/2011 05:41:00 PMတွင်ရေးသည်

၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး လေ့လာ ဆန်းစစ်ချက်တွေကို NLD ပါတီ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့က ပြန်လည် စိစစ်နေတယ်လို့ သိရပါတယ်။
NLD
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က အဖွဲ့ချုပ်တွင် ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးက ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်အကြောင်း ဟောပြောနေစဉ်။
ဒီကနေ့ မွန်းလွဲပိုင်းက NLD ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ NLD ပါတီ ဗဟိုဥပဒေ အထောက် အကူပြု အဖွဲ့က အစည်းအဝေးမှာ တင်ပြ ဆွေးနွေးတာ ဖြစ်တယ်လို့ NlD ပါတီ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ကာ ကျနော်တို့ဘက်က အရင်လုပ်ထားတဲ့ အကြမ်းထည်တွေ ရှိတယ်။ အဲဒါတွေကို ကျနော်တို့ အချော ပြန်ကိုင်ပြီးတော့ ပြင်ဆင်တဲ့ဟာကို ကျနော်တို့ လုပ်ပါတယ်။ လိုတဲ့အခါ ပြန်သုံးရအောင် ပြည့်ပြည့်စုံစုံ လုပ်ထားတာပါ” လိုင်စင် အသိမ်းခံရတဲ့ ရှေ့နေများ အပါအဝင် အလုပ်လုပ်ကိုင်ခွင့် မရတဲ့ အနုပညာရှင်များနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို အချက်အလက်များ ဆက်လက် စုဆောင်းပြီးနောက် ဗဟို ဥပဒေပြု အဖွဲ့ အနေနဲ့ ဆက်လက် ဆောင်ရွက်ရန်လည်း ဆွေးနွေးပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တဝန်းမှာ ဖြစ်ပွားနေတဲ့ ဥပဒေဆိုင်ရာ မမှန်မကန် ဖြစ်မှုတွေနဲ့ ပတ်သက်ပြီး ရရှိထား အချက်အလက် တွေကို ဆွေးနွေး ကြတယ်လို့ သိရပါတယ်။ အလားတူ ဒီကနေ့ မနက်ပိုင်း ၁၀နာရီကနေ ညနေ ၄နာရီအထိ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကလည်း နိုင်ငံခြား သတင်းထောက်တွေနဲ့ ပြည်တွင်း သတင်းဂျာနယ်တွေကို တဖွဲ့ချင်း တွေ့ဆုံပြီး မေးမြန်းချက် တွေကို ဖြေကြားတယ်လို့ သိရပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"