Saturday, September 17, 2011

VOA Burmese E-mail News Summary စနေ, 17 စက်တင်ဘာ 201

VOANews.com Logo

စနေ, 17 စက်တင်ဘာ 201

ထိပ်တန်းသတင်

ဘင်္ဂလား မြန်မာ ရေပိုင်နက်ပြဿနာ နိုင်ငံတကာခုံရုံး ကြားနာ

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အကြား ရေပိုင်နက်အငြင်းပွားမှုနဲ့ပတ်သက်လို့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာတရားရုံးမှာ ကြားနာမှုတွေ စလုပ်နေပါတယ်။

လစ်ဗျား ယာယီအစိုးရကို ကုလ အသိအမှတ်ပြု

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လစ်ဗျားအသွင်ကူးပြောင်းရေး ကောင်စီကို ကုလသမဂ္ဂမှာ လစ်ဗျားရဲ့ကိုယ်စားပြုနေရာအဖြစ် မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
Libyan Transitional National Council chairman Mustafa Abdel Jalil, Sept. 16, 2011.

အလုပ်သမား ဥပဒေပြင်ဆင်ရေး လွှတ်တော်မှာ ဆွေးနွေး

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် ကျင့်သုံးလာတဲ့ အလုပ်သမားဥပဒေကို ပြင်ဆင်ဖို့ အစိုးရသစ်လက်ထက် လွှတ်တော်တွင်းမှာ ဆွေးနွေးနေကြပါတယ်။

KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွား

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မြန်မာအစိုးရစစ်တပ်တွေဟာ ၀ိုင်းမော်မြို့နယ်မှာ မနေ့က တိုက်ပွဲတွေ တဖန် စတင်ဖြစ်ပွားနေပါတယ်။

လုံခြုံရေး အက်ဥပဒေ မလေးရှား ဖျက်သိမ်း

မလေးရှားနိုင်ငံမှာ မသင်္ကာသူတွေကို တရားမစွဲဘဲ ဖမ်းဆီးထားနိုင်တဲ့ ဥပဒေကိုဖျက်သိမ်းမယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ရေလွှမ်းမိုးမှု ပြဿနာကြောင့် ပါကစ္စတန်ဝန်ကြီးချုပ် ကုလခရီးစဉ်ပျက်

ကုလသမဂ္ဂ အထွေထွေညီလာခံတက်ဖို့ပြင်နေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟာ နိုင်ငံတွင်း ရေဘေးအန္တရယ်ကြုံနေရတာကြောင့် သူ့ရဲ့ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။

ပိတ်ထားတဲ့ ၀က်ဘ်ဆိုဒ်များ ပြန်ပွင့်

မြန်မာအစိုးရသစ်အဖွဲ့ဟာ ကာလကြာမြင့်စွာ တားမြစ် ပိတ်ပင်ထားတဲ့ သတင်းဌာနတွေရဲ့ ၀က်ဘ်ဆိုဒ် စာမျက်နှာတွေကို ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မြန်မာ တာဝန်မကျေ

သမ္မတ အိုဘားမားက ကမ္ဘာမှာ မူးယစ်ဆေးဝါးတွေ ဖြတ်သန်း သယ်ဆောင်သွားတဲ့ ၂၂ နိုင်ငံစာရင်းကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားပါတယ်။
President Barack Obama speaks about the  American Jobs Act legislation at North Carolina State University in Raleigh, Sept. 14, 2011

မြန်မာပြည် အပြောင်းအလဲ အမေရိကန်နဲ့ သြစတြေးလျ မျှော်လင့်

မြန်မာ့နိုင်ငံရေး အခြေအနေ တင်းမာမှု လျော့ပါးတဲ့ လက္ခဏာ တွေ့ရဖို့အတွက် မျှော်လင့်ထားတယ်လို့ အမေရိကန်နဲ့ သြစတြေးလျ ၂ နိုင်ငံက ပြောပါတယ်။
Secretary of State  Hillary Rodham Clinton, September 13,  2011.

ဆီးရီးယား အတိုက်အခံတွေ တပ်ပေါင်းစုဖွဲ့စည်း

ဆီးရီးယားနိုင်ငံမှာ အတိုက်အခံ အဖွဲ့ဝင်တွေဟာ အစ္စတန်ဘူလ်မြို့မှာ စုဝေးကြပြီး အမျိုးသားကောင်စီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။
Jamal Al Wadi from the Syrian city of Daraa speaks as Syrian opposition members listen after they announced a Syrian National Council in their bid to present a united front against President Bashar al-Assad's regime, in Istanbul, Turkey, September 15, 201
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=F80C8D522E2A10056342D3636D970B156A8B7DD151FD21CB">Unsubscribe</a>
Voice of America | 330 Independence Avenue, SW, Washington DC 20237

No comments:

Post a Comment