ဘီဘီစီအင်္ဂလိပ်ပိုင်းစာမျက်နှာ၏ မြန်မာပြည်မြေပုံသရုပ်ဖော်ပုံကို မြန်မာတို့ကန့်ကွက်
မိုးမခအထောက်တော် ၀၀၂၊ အောက်တိုဘာ ၂၈၊ ၂၀၁၁
ဘီဘီစီ အာရှပစိဖိတ် အင်တာနက်စာမျက်နှာတွင် အန်နာဂျုံး၏ သတင်းဆောင်းပါး (http://www.bbc.co.uk/news/world-asia-pacific-11595983) တွင် သတင်းသရုပ်ဖော်အဖြစ် မြန်မာပြည်မြေပုံကို သရုပ်ဖော်ထားရာ မြေပုံ၏ နယ်မြေများ၊ လူမျိုးအမည်များ၊ ဓာတ်ပုံများမှာ အများပြည်သူတို့လက်ခံထားသော အချက်အလက်များနှင့် လွဲမှားဖော်ပြထားသောကြောင့် ဘီဘီစီမြန်မာပိုင်း ပရိသတ် အများအပြားနှင့် မြန်မာအရေးလှုပ်ရှားသူများက ဖေ့စ်ဘွတ်ပေါ်မှ တဆင့် ကန့်ကွက်ဝေဖန်ခဲ့ကြသည်။ (ဘီဘီစီ ဘားမိစ် ဖေ့စ်ဘွတ်ကို ကြည့်ပါ)
ကိုဝင်းက ထိုသရုပ်ဖော်ပုံကို ဝေဖန်ထားရာတွင် -
ဟု ရေးသားထားသည်။
အထူးအားဖြင့် “အာရကန်”ဟု ရခိုင်ပြည်နယ်ကို စာတမ်းထိုးထားပြီး ဓာတ်ပုံထဲတွင် ရခိုင်ဒေသ၏ ရခိုင်လူမျိုးများပုံကို ဖော်ပြခြင်းမရှိဘဲ “ရိုဟင်ဂျာလူမျိုး” ဆိုသည့် လူများ၏ ဓာတ်ပုံကို ထည့်သွင်းထားသဖြင့် ထိုသို့ သရုပ်ဖော်ချက်ကို အဓိကထား ဝေဖန်ပြစ်တင်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။
စာရေးဆရာ ဒါရိုက်တာ ချိုတူးဇော်က -
…သတင်းဖြန့်မှုတွေ စ နေပြီ။
ဘီဘီစီ အနေနဲ့ လွတ်လပ်တဲ့ သိက္ခာရှိတဲ့ သတင်းဌာန ဆိုရင် ဒီကိစ္စကို တရားဝင်ပြန်လည် တောင်းပန်ဖို့လိုလိမ့်မယ်။
မဟုတ်ရင်တော့ ကျနော်တို့ ဘီဘီစီကို စ သပိတ်မှောက်ရလိမ့်မယ်။ ဘယ်သူ မှောက်မှောက် မမှောက်မှောက် ကျနော် တော့ မှောက်ရလိမ့်မယ်။ ကျနော် နဲ့ ကျနော့် အမျိုးတွေ၊ ကျနော့်မိတ်ဆွေ သူငယ်ချင်းတွေ၊ လုပ်ဖေါ်ကိုင်ဘက် တွေ အားလုံးကိုလည်းတိုက်တွန်းရလိမ့်မယ်။
အန်တီစုအပါအ၀င် ခေါင်းဆောင်တိုင်းကိုလည်း တိုက်တွန်းရလိမ့်မယ်။ ခင်ဗျားတို့ ဘီဘီစီ အနေနဲ့ ဒီသတင်းနဲ့ပါတ်သက်ပြီး ဖြေရှင်းတောင်းပန်ဖို့လိုပါလိမ့်မယ်။
ဟု သူ၏ သဘောထားကို ပြတ်ပြတ်ရေးသားထားသည်
ထိုအချိန် ရက်ပိုင်းအတွင်း မြန်မာစာဖတ်ပရိသတ်များ၏ ကန့်ကွက်ဝေဖန်သံများ အမြောက်အများ ဖေ့စ်ဘွတ်ပေါ်တွင် တောက်လျောက်ပေါ်ထွန်းလာခဲ့သည်။ ယမန်နေ့က ဘီဘီစီဝက်ဆိုက်က အဆိုပါအငြင်းပွားနေသည့် ပုံကို မည်သည့်ဖြေရှင်းချက်မျှ မပြန်ကြားဘဲ ၀က်ဆိုက်မှ ဖြုတ်ချထားသည်ဟု ဖေ့စ်ဘွတ်မိတ်ဆွေတို့က ပြောကြားသည်။
ထိုရက်ပိုင်းမတိုင်မီက အမေရိကန်ပြည်၏ အာရ်အက်ဖ်အေသတင်းဌာနတွင် အင်န်အယ်ဒီပါတီခေါင်းဆောင် ဦးတင်ဦးက အဆိုပါလူမျိုးအကြောင်း ၎င်းအမြင်ကို ထုတ်ဖော်ခဲ့သည်ကို အမေရိကန်ပြည်ရှိ ရိုဟင်ဂျာလူမျိုးများ၏ လူကြီးဆိုသူတဦးက ကန့်ကွက်ခဲ့သည့် သတင်းတရပ်ဖြစ်ခဲ့ပြီးဖြစ်သည်။
ဖေ့စ်ဘွတ်ပေါ်က မြန်မာစာဖတ်ပရိသတ်တို့၏ ဝေဖန်ကန့်ကွက်မှု အများစု၏ အဆိုအရ မြန်မာပြည်တွင်းရှိ အများလက်ခံသော တိုင်းရင်းသားလူမျိုးများတွင် ရိုဟင်ဂျာလူမျိုးဆိုသည့် အချက်မှာ အငြင်းပွားဖွယ်ရာဖြစ်နေသည်။ ရခိုင်ဒေသခံ ရခိုင်လူမျိုးတို့က အဆိုပါ ရိုဟင်ဂျာဆိုသူတို့သည် ဘင်္ဂလားဒေ့ခ်ျမှာ ပြောင်းရွှေ့ခိုလှုံကြသူ ဘင်္ဂါလီများဟု ပြောကြပြီး၊ နိုင်ငံတကာသတင်းများတွင် မြန်မာပြည်က အဆိုပါရိုဟင်ဂျာလူမျိုးတို့သည် မြန်မာပြည်မှ ဘင်္ဂလားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များဟု ဖော်ပြလေ့ရှိသည်။
မိုးမခသတင်းဆောင်းပါးတခုမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ရိုဟင်ဂျာ (သို့) ဘင်္ဂါလီ တို့ မဲပေးခွင့် ရှိမည်လားဆိုတဲ့ အကြောင်း ရေးသားဖူးသည်။ သည်မှာ ဖတ်ပါ။
No comments:
Post a Comment