ထိပ်ဆုံး သတင်း :
Home » » ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် ဂုဏ်ပြု

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် ဂုဏ်ပြု

10/03/2011 12:17:00 PMတွင်ရေးသည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး အတွက် မမှိတ်မသုံ ဆက်လက် ဦးဆောင် လှုပ်ရှားနေမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ တောင်အာဖရိကနိုင်ငံရဲ့ နာမည်ကြီး Johnannesburg တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။
University of Johannesburg
တောင်အာဖရိကနိုင်ငံရဲ့ နာမည်ကျော် ယိုဟန်းနက်စဘတ် တက္ကသိုလ် အဆောက်အဦ။
လူ့အခွင့်အရေးအတွက် မဆုတ်မနစ်တဲ့ လုံ့လနဲ့ တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိက တက္ကသိုလ်တွေကလည်း အင်မတန် လေးစား စံပြုကြတယ်လို့ တောင်အာဖရိက အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Free Burma Campaign အဖွဲ့ဝင် ကိုမျိုးနိုင်က ပြောပါတယ်။ ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ကနေ အင်တာနက် ဗီဒီယိုက တဆင့် တိုက်ရိုက် မိန့်ခွန်းပြောဆိုမှာ ဖြစ်သလို မေးခွန်းတွေကိုလည်း ပြန်လည် ဖြေကြားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခမ်းအနား အစီအစဉ်မှာ သတင်းစာ ဆရာကြီး ဦးဝင်းတင်ရဲ့ ဗီဒီယို မိန့်ခွန်းကိုလည်း ပြသမှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ တက္ကသိုလ်ရဲ့ ဘွဲနှင်းသဘင် အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ ခမ်းခမ်းနားနား ချီးမြှင့်မယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အဝေးရောက် ညွန့်ပေါင်း အစိုးရ၀န်ကြီးချုပ် ဦးစိန်ဝင်းက ဂုဏ်ပြုဘွဲ့ကို လက်ခံရယူမှာ ဖြစ်ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"