မြစ်ကြီးနားမြို့တွင် ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုတစ်ခု အောက်တိုဘာ ၆၊ ယနေ့ ကြသပတေးနေ့ ဒေသစံတော်ချိန် ၇ နာရီခွဲတွင်ဖြစ်ပွားခဲ့သည်ဟု မြို့ခံများ ပြောသည်။
မြို့စွန်ရပ်ကွက် ဧဒင်နှင့် နောင်းပုံကြား မန္တလေး-မြစ်ကြီးနား ရထားသံလမ်း တံတား ၂ ခုတွင် ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု မြို့ခံတစ်ဦး ကချင်သတင်းဌာနသို့ ပြောသည်။
မည်သူ (KIA သို့မဟုတ် မြန်မာအစိုးရ) ဖောက်ခွဲသည်ကို မသိရသေးပါ။
ယခုချိန် ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား ပြည်တွင်းစစ်ကြီး ဖြစ်လာမည့် အခြေနေသို့ ဦးတည်လာနေစဉ် ယခု မြစ်ကြီးနားမြို့ မိုင်းပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။

No comments:
Post a Comment