ထိပ်ဆုံး သတင်း :
Home » » မြစ်ဆုံကိစ္စကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး မပျက်နိုင်ကြောင်း သမ္မတ အကြံပေးပြော

မြစ်ဆုံကိစ္စကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး မပျက်နိုင်ကြောင်း သမ္မတ အကြံပေးပြော

10/11/2011 12:15:00 PMတွင်ရေးသည်

အမေရိကန် ဒေါ်လာသန်း (၃) ထောင့် (၆) ရာ ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်နေတဲ့ ဧရာဝတီမြစ်ဆုံ ဆည်စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြေလည်မှု ရရှိအောင် ကြိုးပမ်းဖို့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဘေဂျင်းမြို့ကို ဒီကနေ့ သွားရောက်ပြီး တရုတ် ခေါင်းဆောင်တွေနဲ့ ညှိုနှိုင်း ဆွေးနွေးနေတယ်လို့ မြန်မာ အရာရှိတွေက ပြောပါတယ်။
Colegota/Wikipedia
မြစ်ဆုံရေကာတာ တည်ဆောက်မည့်နေရာ အောက်ဖက်တွင် ဧရာဝတီမြစ်ကို တွေ့ရပုံ ဖြစ်ပါသည်။ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ဒေသခံပြည်သူ အမြောက်အမြား ဒုက္ခရောက်ရမည့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမည့် အရေးအတွက် မြန်မာ အစိုးရကို ကန့်ကွက် ပြောဆိုနေကြပါသည်။
မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်ဟာ တရုတ် ဒုတိယ သမ္မတ ဇီကျန်းပင်နဲ့ တွေ့ဆုံပြီး မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်ဆိုင်းမှု အတွက် တရုတ်အစိုးရရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်လို့ အလေးထား ပြောဆိုခဲ့ကြောင်း၊ စီမံကိန်းနဲ့ ပတ်သက်လို့ နှစ်ဖက် ဆောင်ရွက်သွားမယ့် နည်းလမ်းနဲ့ နှစ်နိုင်ငံအကျိုးတူ ဆက်လက် အကောင်အထည် ဖော်သွားမယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြကြောင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ ဒါပေမယ့် မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းမှုနဲ့ ပတ်သက်လို့ တရုတ်နဲ့ မြန်မာ အစိုးရကြားမှာ ပြေလည်မှု ရရှိအောင် ဘယ်လို ဆွေးနွေး ညှိုနှိုင်းခဲ့ကြသလဲ ဆိုတာ အသေးစိတ် မသိရပါဘူး။ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ခေါင်းဆောင် ဦးကိုကိုလှိုင် ကတော့ မြစ်ဆုံစီမံကိန်း ရပ်တံ့မှုကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးမှာ ကြီးမားတဲ့ ပြဿနာ ပေါ်ပေါက်လာဖွယ် မရှိဘူးလို့ သုံးသပ်ပါတယ်။ "ဒီကိစ္စဟာ ကြားထဲမှာ အဖုအထစ်လေးတစ်ခု ဖြစ်သော်ငြားလည်းဘဲ တလျှောက်လုံး ရှိလာတဲ့ ချစ်ကြည်ရင်းနှီးမှုကို ထောက်ရှုပြီးတော့ ကြည့်မယ်ဆိုရင်ရော၊ ကျန်တဲ့ မဟာဗျူဟာ အကျိုးစီးပွားကို ထောက်ပြီး ကြည့်မယ်ဆိုရင်ရော၊ သိပ်ပြီးတော့ ကြီးမားမယ့် ပြသနာ ဖြစ်လိမ့်မယ်လို့ ကျနော် မထင်မိပါဘူး။" သမ္မတဦးသိန်းစိန်ရဲ့ အထူးကိုယ်စားလှယ် အဖြစ် စေလွှတ်လိုက်တဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦ၀ဏ္ဏမောင်လွင်ဟာ တရုတ် နိုင်ငံရဲ့ သမ္မတ ဖြစ်လာမယ့်သူလို့ ထင်ကြေးပေးခံနေရတဲ့ ဒုတိယ သမ္မတ မစ္စတာ ဇီကျန်းပင်နဲ့ အပြင် နိုင်ငံခြားရေး ၀န်ကြီး ရန်ကျဲချိနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒီအတောအတွင်း မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးလည်း မကြာခင် တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိသလို၊ သမ္မတ ဦးသိန်းစိန်လည်း ရှေ့သီတင်းပတ် အိန္ဒိယနိုင်ငံကို သွားရောက် အပြီးမှာ တရုတ်နိုင်ငံကို ခရီးသွားဖို့ ရှိတယ်လို့ နေပြည်တော် သမ္မတရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်ဆိုင်းမှု နောက်ပိုင်း တရုတ်-မြန်မာ ခေါင်းဆောင်တွေ အကြား ဆက်ဆံရေး နဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ခေါင်းဆောင် ဦးကိုကိုလှိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"