ထိပ်ဆုံး သတင်း :
Home » » မြန်မာအစိုးရ စစ်တပ်က ကျေးရွာရှိ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီး

မြန်မာအစိုးရ စစ်တပ်က ကျေးရွာရှိ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီး

10/18/2011 04:08:00 PMတွင်ရေးသည်

မြန်မာအစိုးရ စစ်တပ်များသည် နမ်ဆန်ယန် ကျေးရွာအတွင်းရှိ ဘုရားကျောင်းများကို ဖျက်ဆီး နေပြီး  ကျေးရွာရှိ  နေအိမ်များ ကိုလည်း အကြောင်းမဲ့  မီးရှိုဖျက်ဆီး လျက်ရှိကြောင်းသိရသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၂၁နှင့် စကခ ၂၁ လက်အောက်ခံ ခမရ ၄၃၈ စုစုပေါင်း အင်အား ၂၀၀ ၀န်းကျင်သည်

မြစ်ကြီးနား - ဗန်းမော်လမ်း
နမ်ဆန်ယန်ကျေးရွာသို့ ၀င်ရောက်ပြီး ကျေးရွာသားများကို ဖမ်းဆီးနိုပ်စက် ခြိမ်းခြောက် မေးမြန်း ကာ နေအိမ် ငါးလုံးကို မီးရှိုလိုက်ခြင်းဖြစ်သည်။ မြန်မာအစိုးရ စစ်တပ်မှ ဖမ်းဆီးခြင်း ခံရသည့် ကတ်သလစ်ဓမ္မဆရာ ဦးအောင်လီ နှင့် အခြားသူများသည်  အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာပြီး၊ ဓမ္မဆရာ ဦးအောင်လီမှာ ခမရ ၄၃၈ မှ ဒုတပ်ရင်းမှူး ဖြစ်သူ၏ နောက်ကျောမှကန်ကျောက်ခြင်း၊ နဖူးကို သေနတ်ဒင်နှင့် ပိတ်ရိုက်ခြင်း တို့ကိုခံရထားခြင်းကြောင့် မျက်နှာတွင် အမာရွတ်များ ထင်ကျန်နေကြောင်း တွေ့ရှိရသည်။
မြန်မာအစိုးရစစ်တပ် ခလရ ၁၂၁ သည် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် နမ်ဆန်ယန် ကျေးရွာတွင်းရှိ ကျေးရွာသားများ၏ နေအိမ်များကို ချိုးဖျက် ၀င်ရောက်ကာ မိမိအလိုရှိသည့် ပစ္စည်းများကို ရွေးယူပြီး နေအိမ်များကို မီးရှို့လျက်ရှိကြောင်းသိရသည်။ သတင်းရေးသား နေချိန်အတွင်း  မြန်မာအစိုးရစစ်တပ်မှ နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ ပြီးဖြစ်ကြောင်းသိရသည်။  နေအိမ်များကိုသာ မီးရှို့ပစ်သည်မဟုတ်ဘဲ ကတ်သလစ်  ဘုရားကျောင်း၊ နှစ်ခြင်းဘုရားကျောင်းရှိ တံခါးများ၊ ပြူတင်းပေါက်များ ကိုလည်း ဖျက်ဆီး နေကြောင်း နမ်ဆန်ယန်မှ စစ်ပြေးများက ဆိုသည်။ ကျေးရွာသားများ၏ စပါး၊ ဆန်၊ ကျွဲနွား အိမ်မွေး တိရိစ္ဆာန်များကိုလဲ စိတ်ကြိုက် ယူဆောင်နေကြကြောင်း ထွက်ပြေး လာသည့်   ကျေးရွာသားများက ပြောပြသည်။
ယင်းကဲ့သို့မြန်မာအစိုးရ စစ်တပ်များ၏ စိတ်ကြိုက် ဖျက်ဆီးခြင်း ခံရသည့် နမ်ဆန်ယန် ရွာသည် မြစ်ကြီးနား – ဗန်းမော်လမ်းတွင် ရှိပြီး ခရီးသည်များ ခရီးတစ်ထောက် နားသည့်   နေရာလည်း ဖြစ်ကာ  မြန်မာအစိုးရ ထိန်းချုပ်မှုအောက်တွင် ရှိသည့်ကျေးရွာဖြစ်သည်။
မြန်မာအစိုးရ ဆက်သွယ်ရေးရုံး၊ စရဖ ရုံး၊ ရှေ့တန်းစခန်းအခြေစိုက် စခန်းဖွင့်လှစ် ထားသည့် ကျေးရွာကြီးဖြစ်သည်။ ကေအိုင်အေ ဌာနချုပ်လိုင်ဇာနှင့် ၁၅ မိုင်သာဝေးသည့် နေရာတွင် ရှိသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင်လည်း နမ်ဆန်ယန်ကျေးရွာတ၀ိုက်တွင် တိုက်ပွဲများ ဖြစ်လျက်ရှိကြောင်းသိရသည်။ မြစ်ကြီးနား – လိုင်ဇာလမ်း ရွေညောင်ပင် ကျေးရွာ နှင့် ဂါးရာယန်ကျေးရွာအကြား ရှုခင်းသာ နေရာတွင် ကေအိုင်အေတပ်ဖွဲ့နှင့် မြန်မာအစိုးရ စစ်တပ်များ တိုက်ပွဲဖြစ်ပွားနေသည်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ထိ ဆိုလျင် ငါးရက်ကြာခဲ့ပြီဖြစ်သည်။
မြန်မာအစိုးရ စစ်တပ်များသည် စစ်ရှုံးလာလျှင် အနီးအနားရှိ ကျေးရွာများကို ညှင်းပန်း နှိပ်စက်ကာ ရွာမီးရှို့ခြင်းများကို အမြဲပြုလုပ်နေကျဖြစ်သည်။
မြန်မာအစိုးရအနေနှင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီကို ဖော်ဆောင်နေသည်ဟု အကျယ်တ၀င့် ကြွေးကြော်နေသော်လည်း၊ လက်တွေ့တွင် လူအခွင့်အရေး ချိုးဖောက်မူများ၊ လူသားမဆန်စွာ ပြုမှုမူများကို ယခင့် ယခင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြုလုပ်နေကျအတိုင်း တွင်တွင်ကျယ်ကျယ် ပြုလုပ် နေဆဲဖြစ်သည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"