အစိုးရစစ်တပ်မှKIA တပ်မဟာ ၄ ကို သိမ်းယူသွားပြီးနောက်ပိုင်း KIA လက်နက်များနှင့် မူးယစ်ဆေးဝါးများကို ရှာဖွေနေပြီး အောက်တိုဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် တပ်မဟာ ၄ နယ်မြေမှ မူးယစ်ဆေးဝါးများနှင့် လက်နက်များကို အစိုးရစစ်ကြောင်းမှ သိမ်းယူသွားကြောင်း အစိုးရသတင်းစာများမှာ ဖော်ပြထားပါတယ်။
၈ ရက်နေ့တွင် တက္ကနိုင်းရွာနှင့် ၁ မိုင် ၂ ဖာလုံအကွာမှာရှိတဲ့ လက်ဖက်ခြံထဲမှာ AK-47 သေနတ် ၁ လက်၊ကျည်ဆံ ၆၀၊ လက်ပစ်ဗုံး ၅ လုံး၊ KIA ၀တ်စုံ ၁ စုံ၊ wy ဆေးပြား (၃၃၆၀)၊ စိတ်ကြွဆေးမှုန့် ၉ ကီလို၊ အရက်ပြန် ၁၄၀ လီတာ၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၃ လီတာ၊ စိတ်ကြွဆေးအမှုန့်ကြိတ်စက် ၁ ခု၊ နှာခေါင်းစွပ် ၃ ခု၊ ဂက်စ်အိုး ၄ လုံး၊ ကိုအစိုးရစစ်ကြောင်းမှ သိမ်းယူသွားသည်ဟု သိရသည်။
လက်ဖက်ခြံအစောင့် ဆိုင်းအောင်ကိုလည်း ဖမ်းခေါ်သွားကြောင်း တက္ကနိုင်းရွာမှ မျက်မြင်တွေ့ရှိသူ ဦးလဖိုင်နော်ဝါ မှလည်း ပြောပြပါတယ်။
၉ ရက်နေ့မှာ တက္ကနိုင်းရွာ ရပ်ကွက် ၂ လက်ဖက်ခြံတစ်ခြံမှာလည်း KIA တပ်ဖွဲ့ ကိုယ်ရေးရာဇ၀င်များ၊M-21သေနတ်တစ်လက်၊ စိန်ပြောင်း ၂ လက်၊ WY ဆေးပြား ၅၁၉၀၀၀၊ ဆေးပြားရိုက်စက် ၁ လုံး၊ အက်ဖီဒရင်း ၁၆.၅ ကီလို၊ ဆာဖြူရစ်အက်ဆစ် ၁၄၀ လီတာ၊ ကော့စတစ်ဆိုဒါ ၁၆၀ ကီလို၊ ပုံသွင်းမို ၄၄ ချောင်း၊ ကွန်ပျူတာတစ်လုံး ကို သိမ်းယူသွားကြောင်း သိရပါတယ်။
အစိုးရစစ်တပ်မှ သိမ်းယူသွားသော မူးယစ်ဆေးဝါးများမှာ တရုတ်လူမျိုး လောက်ဝူး နှင့် မလုဂျာတို့၏ မူးယစ်ဆေးဝါးများဖြစ်ပြီး လောက်ဝူးမှာ ဆေးပြားထုတ်လုပ်သူ ပညာရှင်တစ်ဦး ဖြစ်ကြောင်းသိရသည်။ မူးယစ်ဆေးဝါးများကို KIA တပ်ဖွဲ့ဝင် ဂမ်မော် မှ တရုတ်နိုင်ငံအတွင်း တရုတ်ဘိန်းကုန်သည်များထံ သယ်ဆောင်ရောင်းချပေးနေပြီး လက်နက်များနှင့် ယူနီဖောင်းမှာ KIA စစ်သား ဂမ်မော်၏ လက်နက်များဖြစ်ကြောင်း လောက်ဝူးနှင့် မလုဂျာ တို့ရဲ့ ၀န်ခံပြောကြားခဲ့ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားပါတယ်။
KIO စီးပွားရေးဌာန တာဝန်ခံ ဦးခွန်နောင်မှ တပ်မဟာ ၄ နယ်မြေမှာရှိတဲ့ KIO ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းများကို တပ်မဟာ ၄ တပ်မဟာမှုးရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဂမ်မော်ကို ခိုင်းစေထားကြောင်း တပ်မဟာ ၄ မှဗိုလ်ကြီးတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

No comments:
Post a Comment